ရှားတောမြို့နယ်မှာ ရေကျောက်ရောဂါ ဖြစ်ပွားသူ ၁၈ ဦး ရှိနေတယ်လို့ KnMHC ထုတ်ပြန်

ကရင်နီပြည်နယ် ရှားတောမြို့နယ်က ကျေးရွာတစ်ရွာမှာ ရေကျောက်ရောဂါလို့ သံသယရှိသူ ၁၈ ဦး ရှိနေတယ်လို့ ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီ- KnMHC က မနေ့ ဖေဖော်ဝါရီ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်တဲ့ လားရှိုးမြို့ထဲ ရှော့တိုက်ဒုံး ပစ်ခတ်ခံရ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ထဲ ရှော့တိုက်ဒုံး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

သိန္နီမှာ တရုတ်လုပ်ငန်းရှင်တွေ လွှမ်းမိုးလာမှုနဲ့ ကိုယ်ပိုင်ဘဝနဲ့ ရပ်တည်ဖို့ ခက်ခဲလာတဲ့ နယ်မြေခံ လူထုတွေရဲ့ အခြေအနေ

ရှမ်းမြောက် သိန္နီမြို့ဟာ အုပ်ချုပ်သူအပြောင်းအလဲနောက်ပိုင်း တရုတ်လုပ်ငန်းရှင်တွေ ဝင်ရောက်လာပြီးနောက် မြို့တွင်းက အဆောက်အဦးတွေ တိုးလာပြီး စီးပွားရေးလုပ်ငန်းတွေ တိုးတက်လာသယောင် ဖြစ်လာခဲ့ပါတယ်။

ပြင်ဦးလွင်က လူထုတွေ စစ်မှု မထမ်းချင်ရင် သိန်း ၂၀၀ ပေးဖို့ စစ်ကောင်စီတပ် ပြော

မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ စစ်မှုထမ်းစာရင်း ပါသူတွေ စစ်မှုထမ်း ကင်းလွတ်ခွင့်ရဖို့ သိန်း ၂၀၀ ပေးနိုင်တယ်လို့ စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးအဆင့်ရှိသူက ပြောဆိုထားကြောင်း မြို့ခံအမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

MNDAA နဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီး ဖမ်းဆီးခံရတဲ့ ဒေသခံတွေကို ပြန်လွှတ်ပေးဖို့ ရှမ်းအဖွဲ့အစည်း ၁၁ ဖွဲ့ တိုက်တွန်း

ကိုးကန့်တပ်မတော်- MNDAA ရဲ့ ရွှေတူးဖော်မှုကို ကန့်ကွက်ဆန္ဒပြချိန်မှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီး ဖမ်းဆီးခံရတဲ့ ဒေသခံ ၉ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ရှမ်းအဖွဲ့အစည်း ၁၁ ဖွဲ့က တိုက်တွန်းကြောင်း ဒီနေ့ ဖေဖော်ဝါရီ ၆ ရက်မှာ ပူးတွဲထုတ်ပြန်ပါတယ်။

UWSA ထိန်းချုပ်ထားတဲ့ မိုင်းပေါက်မှာ ဓားပြတိုက်ပြီး လူသေစေတဲ့အထိ ကျူးလွန်ခဲ့သူ ၃ ဦးကို သေဒဏ် စီရင်

“ဝ”ပြည် သွေးစည်းညီညွတ်‌ရေး တပ်မတော်- UWSA ထိန်းချုပ်ထားတဲ့ မိုင်းပေါက်မြို့မှာ ဓားပြတိုက်ပြီး လူသေစေတဲ့အထိ ကျူးလွန်ခဲ့တဲ့ အမျိုးသား ၃ ဦးကို သေဒဏ် စီရင်လိုက်တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးဆီက သိရပါတယ်။

တောင်ကြီးက ရပ်ကွက်တချို့မှာ အုပ်ချုပ်ရေးမှူးထံ စစ်မှုထမ်းကြေး ၁ သိန်း လစဉ် ပေးဆောင်နေရ

ရှမ်းတောင် တောင်ကြီးမြို့ရှိ ရပ်ကွက်တချို့မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း ကင်းလွတ်ဖို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီ စစ်မှုထမ်းကြေး ၁ သိန်း လစဉ် ပေးဆောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျောက်မဲမှာ ထော်လာဂျီတိမ်းမှောက်ခဲ့ရာ ဒေသခံ ၂ ဦး သေဆုံး

ရှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စု နားမွန်းကျေးရွာမှာ မနေ့ ဖေဖော်ဝါရီ ၄ ရက်က ထော်လာဂျီတစ်စီး တိမ်းမှောက်မှုဖြစ်ပြီး ဒေသခံ ၂ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မူးယစ်ဆေးဝါးနဲ့ လောင်းကစားကြောင့် ဘဝပျက်သူတွေ များလာတာကြောင့် လနဲ့ချီ ဖွင့်လှစ်နေတဲ့ လားရှိုး ဟက်ကာရွာအနီးက လောင်းကစားဝိုင်းကို ပိတ်သိမ်းဖို့ ဒေသခံတွေ တောင်းဆို

ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ ဟက်ကာရွာအနီးမှာ ဖွင့်လှစ်နေတဲ့ လောင်းကစားဝိုင်းကို ပိတ်သိမ်းပေးဖို့ လားရှိုးဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မန်တုံမှာ မီးသွေးတစ်အိတ်ကို ကျပ် ၅ ထောင်ဝန်းကျင်သာ ရတာကြောင့် မီးသွေးတောင်သူတွေက စားဝတ်နေရေးမှာ အခက်တွေ့

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ တအာင်းဒေသ မန်တုံမြို့နယ်မှာ မီးသွေးတစ်အိတ်ကို ၅,၀၀၀ ကျပ်ဝန်းကျင်သာ ရတယ်လို့ မီးသွေးလုပ်ငန်း လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။