စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လယ်ဒိုမြို့နယ်က စစ်ရှောင်အမျိုးသမီး ၁ ဦးအပါအဝင် ၃ ဦး ဒဏ်ရာရ
ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ကော်သူးလေအုပ်ချုပ်မှုနယ်မြ၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ရှောင်အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၃ ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ KNU က မနေ့ မေလ ၃ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။