Browsing Category
လေကြောင်းတိုက်ခိုက်မှု
167 posts
လားရှိုးမှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်မှုတွေ လုပ်ဆောင်လာ
တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ စစ်ကောင်စီ ပြန်ရခဲ့တဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်မှုတွေ လုပ်ဆောင်လာတယ်လို့ လားရှိုးမြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။
နတ်တလင်းမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကာကင်းစခန်းပေါ် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခံရလို့ တော်လှန်ရေးရဲဘော် ၆ ဦး ကျဆုံး
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကာကင်းစခန်းတစ်ခုပေါ်မှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခံရလို့ တော်လှန်ရေးရဲဘော် ၆ ဦး ကျဆုံးခဲ့တယ်လို့ Bamar Revolution Army – B.R.A က ထုတ်ပြန်လာပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် KNU နယ်မြေက အမျိုးသမီးတစ်ဦး သေဆုံးပြီး ရဟန်းတစ်ပါး ဒဏ်ရာရ
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒေါ်ဖခို(သံတောင်)မြို့နယ်နဲ့ ကစယ်ဒိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ဦးဇင်းတစ်ပါး ဒဏ်ရာရခဲ့တယ်လို့ KNU က မနေ့ ဖေဖော်ဝါရီ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ချင်းပြည်တောင်ပိုင်းက မြို့နယ် ၃ ခုကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်တာကြောင့် ကလေး ၁ ဦး သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရ
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီ၊ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တို့ကို စစ်ကောင်စီက တစ်ရက်တည်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး ၁ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
မုန်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်း၊ လေယာဥ်နဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ၉ နှစ်အရွယ် ကလေးငယ်အပါအဝင် အရပ်သား ၃ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရ
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ဒေသဖြစ်တဲ့ ခလယ်လွီထူခရိုင်၊ မုန်း (မူး) မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတာ၊ လေယာဥ်နဲ့ ဗုံးကြဲတာနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က မနေ့ ဖေဖော်ဝါရီ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။