ဓာတ်ပုံ- Local

ဝတ်ရည်၊ မတ်လ ၇ ရက်၊ ဖားကန့်

တိုက်ပွဲ ဆက်လက် ပြင်းထန်နေတဲ့ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် မိခင်ဖြစ်သူ သေဆုံးခဲ့ပြီး အသက် ၃ နှစ်အရွယ် သားက ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ မတ်လ ၇ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ တိုက်ပွဲ ပြင်းထန်နေတဲ့ ဖားကန့်မြို့နယ် တာမခံကျေးရွာအုပ်စုထဲမှ ဒေသခံနေအိမ်ကို ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက “သားအမိ ၂ ဦး ထိတာ။ အမေက အသက်ဆုံးရှုံးခဲ့ရပါတယ်။ သားဖြစ်သူကတော့ ဒဏ်ရာ ရတာပါ။ ဗုံးကြဲတဲ့နေရာက ကျောက်စိမ်းလုပ်ကွက်ထဲကို ကြဲတာ။ ပြီးရင် ဒေသခံတွေပဲ လေကြောင်းဒဏ်ကို ခံနေရတာလေ” လို့ ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာ ရသူအပြင် နောက်ထပ် ဒေသခံ ၃ ဦးလည်း ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက “မနေ့ကလည်း တိုက်ပွဲက တစ်နေကုန်ပဲ။ တစ်ညလုံးလည်း တိုက်ပွဲနဲ့ပဲ။ အခုလည်း လက်နက်ကြီးတွေနဲ့ ပစ်နေကြတာ။ တိုက်ပွဲ ပြင်းထန်တဲ့နေရာက မရှီကထောင်မှာပဲ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ ရက် နေ့လယ် ၁ နာရီခွဲကျော်မှာလည်း ဖားကန့် ကလပ်ကုန်းလမ်းကြားမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေး ၁ ဦးအပါအဝင် ၂ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဖားကန့်မြို့မှာ တိုက်ပွဲ လဝက်ကြာ ငြိမ်သက်ခဲ့ပြီး ပြီးခဲ့တဲ့ မတ်လ ၃ ရက်မှာ ပြန်လည် ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။