ခင်ဦးမြို့နယ်အတွင်းမှာ ခရီးသွားဒေသခံ ယာဉ်တန်းတွေ ပိတ်မိနေချိန်ကို စစ်ကောင်စီတပ်က ဗုံးကြဲလို့ ဒေသခံ ၁၂ ဦးထက်မနည်းသေဆုံး

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်းမှာ ခရီးသွားဒေသခံတွေရဲ့ ယာဉ်တန်းပိတ်မိနေတဲ့အချိန်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဒီဖြစ်စဉ်ကို သိရှိထားသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဝက်လက်မြို့နယ် ဆည်တောရွာကို စစ်ကောင်စီတပ်က ဗုံးကြဲလို့ အမျိုးသမီး ၂ ဦးအပါအဝင် ၄ ဦးသေဆုံး၊ ၅ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ဆည်တောရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၂ ဦးအပါအဝင် ဒေသခံ ၄ ဦးသေဆုံးခဲ့တယ်လို့ Wetlet Information Network မှ တာဝန်ရှိသူ ကိုမုန်တိုင်းက ရွှေဖီမြေကို ပြောပါတယ်၊

ရွှေဘိုမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က ၁၆ကြိမ်ထက်မနည်း ဗုံးကြဲလို့ သံဃာတော် ၁ ပါးအပါအဝင် ဒေသခံ ၄ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော် ၁ ပါးအပါအဝင် ဒေသခံ ၄ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Information Network မှ တာဝန်ရှိသူ ကိုမုန်တိုင်းက ရွှေဖီမြေကို ပြောပါတယ်။