PNO က ဖမ်းဆီးသွားတဲ့ မောက်မယ်မြို့နယ် ဒုံပုံးရွာခံ ၃ ဦးထဲက ၂ ဦးကို ပစ်သတ်ပြီး ကျန်တစ်ဦးကို ငွေ ၂၈ သိန်းနဲ့ ပြန်ရွေးခိုင်း
ရှမ်းတောင် မောက်မယ်မြို့နယ် ဒုံပုံးကျေးရွာခံ ၃ ဦးကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်- PNO က ဖမ်းဆီးသွားခဲ့တယ်လို့ PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ရွှေဖီမြေကို ပြောပါတယ်။