နတ်တလင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် အရပ်သားနေအိမ် ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ

ပဲခူးတိုင်း နတ်တလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် အရပ်သားနေအိမ် ၁၀၀ ကျော်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ နတ်စစ်သည်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပုလဲနယ်မှာ NUG ရဲ့ လက်အောက်ခံတပ်နဲ့ ဗိုလ်နဂါးရဲ့ BNRA တပ် ထိတွေ့တိုက်ပွဲဖြစ်ပွား၊ နှစ်ဖက်တပ် ထိခိုက်သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲမှာရှိတဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – BNRA ရဲ့ တပ်စခန်းတချို့ကို အမျိုးသားညီညွတ်ရေးအစိုးရ – NUG ရဲ့ လက်အောက်ခံတပ်တွေက ဝင်ရောက်တိုက်ခိုက်နေတယ်လို့ BNRA ရဲ့ ခေါင်းဆောင် ဗိုလ်နဂါးက ရွှေဖီမြေကို ပြောပါတယ်။

NUG ထိန်းချုပ်ထားတဲ့ တကောင်းမြို့ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ

အမျိုးသားညီညွတ်ရေးအစိုးရ – NUG ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲက တကောင်းမြို့ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းအရင်းမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

ဖားဆောင်းမြို့ကို စစ်ကောင်စီ ပြန်ထိန်းချုပ်၊ တိုက်ပွဲဆက်ဖြစ်နေ

ကရင်နီတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ဖားဆောင်းမြို့ကို စစ်ကောင်စီတပ်ဘက်က ပြန်ထိန်းချုပ်နိုင်ခဲ့ပြီလို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖလမ်းမှာ စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုကို သိမ်းပိုက်ရရှိပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီ စခန်းကုန်းတစ်ခုကို ချင်းကာကွယ်ရေးတပ်တွေက သိမ်းပိုက်ရရှိပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

ကန့်ဘလူနယ်က စစ်ကောင်စီရဲ့ စခန်း ၄ ခုကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၉၀ ကျော် သေဆုံးတယ်လို့ ဆို

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ထဲက စစ်ကောင်စီရဲ့ စစ်စခန်း ၄ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ၉၀ ကျော်သေဆုံးခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသက ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

KIA နဲ့ ပူးပေါင်းတပ်တွေ ၄ လကျော်ကြာ ထိန်းချုပ်ခဲ့တဲ့ ဗန်းမောက်မြို့ကို စစ်ကောင်စီ ပြန်ထိန်းချုပ်

ကချင်တပ် (KIA) နဲ့ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်း ဗန်းမောက်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီက မနေ့ ဖေဖော်ဝါရီ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မိုးကုတ်မြို့နယ်ထဲ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ် တိုက်ပွဲ ပြန်ဖြစ်

တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ စစ်ကောင်စီ ပြန်ရခဲ့တဲ့ မန္တလေးတိုင်း မိုးကုတ်မြို့အရှေ့ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေဆီက သိရပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ဖားကန့်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲ၊ ထိခိုက်မှုရှိ

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲချတိုက်ခိုက်နေတာကြောင့် ဒေသခံတွေ ထိခိုက်မှုရှိတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖလမ်းမြို့သို့ စစ်ကူတက်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဗိုလ်မှူးတစ်ဦးအပါအဝင် ၃၆ ဦး သေဆုံး

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကူအဖြစ် တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ဗိုလ်မှူးတစ်ဥဦးအပါအဝင် ၃၆ ဦး သေဆုံးခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်တွေက ရွှေဖီမြေသို့ ပြောပါတယ်။