ဗန်းမော်မှာ ရဟတ်ယာဉ် ပစ်ချခံရတဲ့ထဲ လေယာဉ်မှူးအပါ ၇ ဦး ထက်မနည်း သေဆုံး

ဗန်းမော်မြို့ စကခ – ၂၁ ဘက်မှာ ဒီနေ့ မေလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ကျော်ခန့်က စစ်ကူ လာချစဉ် KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေရဲ့ ပစ်ချခြင်းကို ခံရပြီး ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်ထဲမှာ လေယာဉ်မှူးအပါ ၇ ဦးထက်မနည်း သေဆုံးကြောင်း ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ကလေးမြို့ကနေ ချင်းတောင်ကို စစ်ကောင်စီအင်အား ၂၀၀ နဲ့ စစ်ကြောင်းထိုးနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ကနေ ချင်းပြည်နယ်ဘက်ကို စစ်ကောင်စီတပ်က အင်အား ၂၀၀ နဲ့ စစ်ကြောင်း ထိုးလာနေတယ်လို့ စစ်ရေးသတင်းအရင်းမြစ်ဆီက သိရပါတယ်။

မူဆယ်မြို့မှာ ပြန်ပေးဆွဲခံထားရတဲ့ အမျိုးသမီးတစ်ဦး ဓားပြ‌တွေထံ ငွေ ကျပ်သိန်း ၁၀၀ ပေးပြီး ပြန်လွှတ်လာ

စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့ ကောင်းမှုလွယ်ရပ်ကွက်မှာ ပြန်ပေးဆွဲခံထားရတဲ့ အမျိုးသမီးတစ်ဦးက ဓားပြတွေထံ ငွေ ကျပ်သိန်း ၁၀၀ ပေးပြီးမှ ပြန်လွှတ်လာခဲ့တယ်လို့ ကာယကံရှင်ဖြစ်သူက ရွှေဖီမြေကို ပြောပါတယ်။

ဗန်းမော်ဘက် အင်အားဖြည့်ဖို့လာတဲ့ ရဟတ်ယာဉ် ၂ စင်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့၊ ၁စီးပျက်ကျ

ဗန်းမော်ဘက် အင်အားထပ်ဖြည့်ဖို့ လာတဲ့ ရဟတ်ယာဉ် ၃ စင်းထဲက ၂ စင်းကို ဒီနေ့ မေလ ၂၀ ရက်နေ့ နေ့ခင်းပိုင်းက KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့တယ်လို့ ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပမိူင်မီတ် ပဲန်ဒေဲႈဖါ်ႈအမှုယာန်ကဒူႈ ကောန်အီမာည်း 1အီး ယံမ်းဟာဝ်းပွံတ်အူစာ်န်း

တိုအီးခေဲင်အရာပ်ကဲ က္လာင်းတဆျှိုည်ဖီမျေဒါႈ ပဲန်ဒေဲႈဖါ်ႈ အမှုယာန်ကဒူႈ ပကီုင်းမိူင်မီတ် ကပီုန်ဆျှံမ်ကဒါႇပိူည် အ်ုန်အီမိုႈ ဒီပ်ုန်ထိင်ခြဲအူန်း တံပ်ဆီုက်တအာင်း – TNLA ကဲ ကောန်အီမာည်း ကဝ်အီဘဒေဲႈဆဲင်ကယ်ဒီန် 1အီး ယံမ်းဟာဝ်းပွံတ်အူစာ်န်းအောႏ။

သပိတ်ကျင်းနယ်ထဲရှိ ရွှေလုပ်ကွက်တစ်ခုကို စစ်ကောင်စီက ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ ကလေး ၁ ဦး ထပ်မံသေဆုံးပြီး ၂ ဦး ဒဏ်ရာရ

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် လိပ်ကျကျေးရွာရှိ ရွှေလုပ်ကွက်ကို စစ်ကောင်စီက ဗုံးထပ်ကြဲခဲ့ရာ ကလေး ၁ ဦး ထပ်မံသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင်က ဒီနေ့ မေလ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

UWSA က တန့်ယန်းမြို့နယ်ထဲက ကျေးရွာတချို့နဲ့ ရပ်ကွက်တချို့မှာ တပ်သားသစ် စုဆောင်းနေတာကြောင့် လူထုတွေ အခက်တွေ့နေ

“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ရှမ်းမြောက် တန့်ယန်းမြို့နယ်ထဲက ကျေးရွာအုပ်စုတချို့နဲ့ မြို့ပေါ်ရပ်ကွက်တချို့မှာ တပ်သားသစ် စုဆောင်းနေတာကြောင့် လူထုတွေ အခက်ကြုံနေရကြောင်း တန့်ယန်းမြို့နေ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မိုင်းလုံမြို့ထဲရှိ တရုတ်ကုမ္ပဏီပိုင် သတ္တုတွင်းကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်ခဲ့မှုမှာ ယွမ်ငွေ ၁၇ သိန်းနီးပါး ဆုံးရှုံး

ရှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းလုံမြို့ ပန်ဝိုးကျေးရွာအုပ်စုထဲမှာရှိတဲ့ တရုတ်ကုမ္ပဏီပိုင် သတ္တုတွင်းကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်ခဲ့ရာ ယွမ်ငွေ ၁၇ သိန်းနီးပါး ဆုံးရှုံးခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မိုးမိတ်မှာ ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသား ၁ ဦး ပွဲချင်းပြီးသေဆုံး

တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မိုးမိတ်မြို့မှာ ကားနဲ့ ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ပွားပြီး ဆိုင်ကယ်စီးနှင်လာတဲ့ အမျိုးသား ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဒေသတွင်း လာရောက် တာဝန်ထမ်းဆောင်မယ့် ပညာရေးဝန်ထမ်းတွေကို နှောင့်ယှက်ဟန့်တားမှာ မဟုတ်ကြောင်း အရှို CDF ပြော

ချင်းကာကွယ်ရေးတပ်- အရှို (CDF-Asho)ရဲ့ စစ်ဆင်ရေး လှုပ်ရှားရာနယ်မြေနဲ့ ထိစပ်နေတဲ့ ဒေသတွေမှာ လာရောက်ကာ တာဝန်ထမ်းဆောင်မယ့် ကျောင်းဆရာဆရာမတွေကို ခြိမ်းခြောက်တာ၊ နှောင့်ယှက်ဟန့်တားတာ၊ ဖမ်းဆီးထိန်းသိမ်းတာတွေ လုံးဝ ပြုလုပ်မှာ မဟုတ်ဘူးလို့ CDF-Asho က ထုတ်ပြန်လာပါတယ်။