မိုင်းကိုင်မှာ SSPPတပ်က တပ်သားသစ် ထွက်ပြေးလို့ အသက်မပြည့်သေးတဲ့ အမျိုးသမီး ကလေးငယ် ၂ဦးကို ဖမ်းပြီး လူအစားထိုးပေးမှ ပြန်လွှတ်ပေးမယ်လို့ ဆို
ရှမ်းတောင် မိုင်းကိုင်မြို့နယ် ခေးအုံအွေ့ကျေးရွာအုပ်စု ပန်မွန်းရွာက ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP ရဲ့တပ်သားတစ်ဦး ထွက်ပြေးသွားလို့ဆိုပြီး အဲပန်မွန်းရွာထဲက အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ် ၂ ဦးကို SSPP တပ်က ဖမ်းဆီးသွားခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ရွှေကူမှာ အရေးပေါ် ဆင်းသက်ခဲ့ရတဲ့ ရဟတ်ယာဉ်ကို တော်လှန်ရေးတပ်တွေက ထပ်မံပစ်ခတ် ဖျက်ဆီးပစ်
ရွှေကူမှာ မနေ့ မေလ ၂၀ ရက်နေ့က အရေးပေါ် ဆင်းသက်ခဲ့ရတဲ့ ရဟတ်ယာဉ် ဒီကနေ့ မေလ ၂၁ ရက်နေ့ မွန်းလွဲပိုင်း KIA နဲ့ ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့တွေက ပစ်ခတ် ဖောက်ခွဲ ဖျက်ဆီးလိုက်ကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ကလေးမြို့ကနေ ချင်းမြောက်ပိုင်းကို စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်တပ်တို့ တီးတိန်မြို့နယ်မှာ တိုက်ပွဲပြင်းထန်နေ
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်တို့ တီးတိန်မြို့နယ်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းအရစ်မြစ်က ရွှေဖီမြေသို့ ပြောပါတယ်။
တရုတ်ပြည်ဘက် အလုပ်သွားလုပ်မယ့် မြန်မာ့အလုပ်သမားတွေဟာ ပွဲစားတွေထံ ငွေဆယ်ချီပေးနေရပေမဲ့ အလုပ်ရဖို့ မသေချာ
တရုတ် – မြန်မာနယ်စပ်ဖြစ်တဲ့ ရှမ်းမြောက် မူဆယ်မြို့ကနေ တရုတ်နိုင်ငံဘက်ကို အလုပ်သွားလုပ်မယ့် အလုပ်သမားတွေဆီ ပွဲစားတွေက တရုတ်ယွမ် ၃ ထောင်( မြန်မာငွေ ကျပ် ၁၈ သိန်း)အထိ တောင်းနေတာတွေ ရှိတယ်လို့ ဖြစ်စဉ်သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။