တရုတ်-လာအိုနယ်စပ်မှာ လူကုန်ကူးခံရတဲ့ မြန်မာအမျိုးသမီး ၂ ဦး မိသားစုဝင်နဲ့ အဆက်အသွယ်ရဖို့ အကူအညီ လိုအပ်နေ
မန္တလေးတိုင်း မတ္တရာမြို့နဲ့ ရန်ကုန်တိုင်း လှိုင်သာယာမြို့မှာ နေထိုင်တဲ့ အသက် ၂၈ နှစ်နဲ့ ၁၆ နှစ်အရွယ် အမျိုးသမီးနှစ်ဦးဟာ တရုတ်-လာအိုနယ်စပ် ခွန်မင်းမြို့မှာ လူကုန်ကူးခံရပြီး လက်ရှိ ၎င်းတို့ရဲ့ မိသားစုဝင်နဲ့ အဆက်အသွယ်ရဖို့ အကူအညီ လိုအပ်နေတယ်လို့ လားရှိုးအခြေစိုက် ပရဟိတအသင်းဖြစ်တဲ့ FYO ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။