မိုင်းရူပ၊ သြဂုတ် ၁၆ ရက်၊ နောင်ချို

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ပြန်ရပြီးနောက် နောင်ချို-မိုးကုတ်လမ်းပိုင်းရှိ ကျေးရွာတွေကို စစ်တပ်ဘက်က ဆက်လက် ထိုးစစ်ဆင်နေပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။

မနေ့ သြဂုတ် ၁၅ ရက်အထိ စစ်တပ် စစ်ကြောင်းဟာ နောင်ချို-မိုးကုတ်လမ်းပေါ်ရှိ ဒိုးပင်းကျေးရွာကို စစ်တပ်ဘက်က ပြန်ထိန်းချုပ်နိုင်ခဲ့ပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ဆိုပါတယ်။

“စစ်တပ်ဘက်က အင်အားအများအပြား သုံးပြီး ထိုးစစ်လုပ်တာ။ တစ်ရက်ကို ဒရုန်းတွေ အများကြီး သုံးတယ်။ အခုက စစ်တပ်ဘက်က ဒိုးပင်ရွာကျော်အထိ ရောက်လာပြီ။ တိုက်ပွဲက ဆက်ဖြစ်နေတုန်းပဲ” လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်တပ် စစ်ကြောင်းဟာ နောင်ချို-မိုးကုတ်လမ်းပေါ်ရှိ ကျေးရွာတွေကို ဆက်တိုက် ထိုးစစ်ဆင်နေတာဖြစ်ပြီး ဆမ္မဆယ်၊ သုံးဆယ်၊ ဟိုခိုနဲ့ ဒိုးပင် စတဲ့ကျေးရွာကြီးတွေကို ဆက်တိုက် သိမ်းယူနေတာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း မိုးကုတ်မြို့ပေါ်ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက် ပြုလုပ်နေပြီး ဩဂုတ် ၁၄ ရက် ည ၈ နာရီခွဲက ဗုံးကြဲတိုက်ခိုက်မှုမှာ သေဆုံးသူ အရပ်သား ၂၁ ဦးအထိ ရှိခဲ့ပါတယ်။

TNLA နဲ့ စစ်တပ်ဘက်ကတော့ နောင်ချို-မိုးကုတ်လမ်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

TNLA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ၁ နှစ်အကြာ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်မှာ စစ်တပ်ထံ ပြန်လည် လက်လွှတ်ခဲ့ရတာပဲ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။