ယာရူစိင်၊ ဩဂုတ် ၁၃ ရက်၊ လားရှိုး

စစ်တပ်ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ထောက်ခံစာတစ်စောင်ရဖို့ လားရှိုးမြို့မ ရဲစခန်းမှူး ဦးညိုဝင်းကိုယ်တိုင်က ရဲထောက်ခံစာ တစ်စောင်ကို အမျိုးအစားအလိုက် လက်မှတ်ထိုးခအနေနဲ့ ငွေ ၁ သိန်းကနေ ၅ သိန်းအထိ သတ်မှတ်ထားတယ်လို့ ပေးဆောင်ခဲ့ရသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ထောက်ခံစာ လက်မှတ်ထိုးခ သတ်မှတ်ထားတဲ့အပြင် ရဲစခန်းမှူးရဲ့ လက်အောက်ဖြစ်တဲ့ စာရေးတွေအတွက်လည်း ထောက်ခံစာအတွက် လိုအပ်တဲ့ စာရွက်စာတမ်းထုတ်ပေးတဲ့ကြေးဆိုပြီ သီးသန့် ငွေ ၁ သိန်း ထပ်မံသတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

ပေးဆောင်ခဲ့ရသူ တစ်ဦးက” အခုက မြို့ခံအများဆုံးက ထောက်ခံစာလိုကြတယ်လေ။ ဘာလို့ဆို တိုက်ပွဲဖြစ်တုန်းက အိမ်ထောင်စုတို့ မှတ်ပုံတင်ကအစ ပျက်စီးတာရှိသလို ပျောက်သွားတာတွေလည်း ရှိကြတယ်လေ။ မြို့မှာ ပြန်နေချင်ရင်တော့ ရပ်ကွက်ထောက်ခံစာကအစ လုပ်ရတယ်လေ။ ထောက်ခံစာတွေ လုပ်မှ မြို့မှာအေးအေးဆေးဆေးနေလို့ရမှာပေါ့”လို့ ပြောပါတယ်။

မှတ်ပုံတင်၊ အိမ်ထောင်စု၊ ယာဉ်မောင်းလိုင်စင်၊ ရပ်ကွက်နေကြောင်းထောက်ခံစာကအစ ထောက်ခံစာအမျိုးအစားအလိုက်အပေါ် မူတည်ပြီး သက်ဆိုင်ရာဌာနက ငွေ သိန်းချီတောင်းခံနေတာကြောင့် လျော့တောင်းပေးဖို့ကိုလည်း နောက်ထပ် သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

“ထောက်ခံစာဆိုတာလည်း မဖြစ်မနေလုပ်ရမှာမို့ လုပ်နေတာပါ။ အခုလို သိန်းချီတောင်းတာနေတာက အဆင်မပြေဘူးလေ။ ဒေသခံတွေလည်း အဆင်ပြေနေတာ မဟုတ်ဘူး။ သူတို့ကိုလည်း နိုင်ငံတော်က လစာ ရိက္ခာတွေပေးနေတာပဲ။ ပြည်သူတွေကို စာနာတဲ့အနေနဲ့ သောင်းဂဏန်းပဲ တောင်းပေးပါလို့”

ဒါ့အပြင် မနေ့ ဩဂုတ် ၁၂ ရက်မှာတော့ လားရှိုးမြို့ထဲကို စစ်တပ်က ကုန်ကားတွေ ဝင်ခွင့်မပြုတော့ဘူးလို့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

လားရှိုး-သိန္နီအထွက် အေတီတံတားမှာ စစ်တပ်ဟာ ကုန်ကားတွေထံ ငွေသိန်းချီ တောင်းခံတာတွေလည်း ရှိခဲ့ဖူးပါတယ်။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ MNDAA အကြား အပစ်ရပ်ဖို့ သဘောတူခဲ့ပြီးနောက် ကိုးကန့်တပ်ဟာ လားရှိုးမြို့ကနေ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်က ထွက်ခွာခဲ့တာပါ။

လားရှိုးမြို့ကို စစ်တပ်က ဝင်ရောက်ပြီးနောက် ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်ကနေ ဒီနေ့အထိ ဓားပြတိုက်မှု၊ ဓားခုတ်မှုနဲ့ လုယက်မှု ၃၅ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပြီ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။