ပို့လဘား၊ ဩဂုတ် ၁၁ ရက်၊ ကျောက်မဲ
တအာင်းတပ်မတော်- PSLF/TNLAထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့မှာ အသက် ၅ နှစ်အရွယ်ရှိတဲ့ အမျိုးသမီးကလေးငယ်တစ်ဦးကို အသက် ၃၂ အရွယ်ရှိတဲ့ အမျိုးသားတစ်ဦးက ချုံပုတ်ကြားထဲမှာ သတ်ဖြတ်ပြီး စွန့်ပစ်ခဲ့တယ်လို့ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ကျောက်မဲမြို့ ရပ်ကွက် ၈ အင်ကြင်းတောင်ရပ်ကွက်ဘက်မှာ မနေ့ ဩဂုတ်လ ၁၀ ရက်မှာ အဲဒီအမျိုးသားက ကလေးငယ်ကို မုန့်ဝယ်ကျွေးမယ်ဆိုပြီး ခေါ်သွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“သူက အဲကလေးကို မုန့်ကျွေးမယ်ဆိုပြီး ခေါ်သွားတယ်။ သူခေါ်သွားတဲ့အချိန် ကလေးမိဘတွေက သူ့ကိုပြောတယ်။ သူ့ကိုခေါ်သွားရင် ပြန်လာပို့ရမယ်နော်။ အဲယောကျာ်လေးကလည်း ဟုတ်ပြီ လာပို့ပေးလိုက်မယ်ဆိုပြီး ခေါ်သွားတယ်။ ပြီးမှ ယောက်ကျား လေးတစ်ယောက် တွေ့လို့ ငိုပြီး ရဲစခန်းကိုလာပြောပြတယ်။ အဲမှာပဲ ရဲစခန်းကလူတွေနဲ့ ပရဟိတအသင်းတွေ အမှုဖြစ်တဲ့နေရာကို သွားကြည့်တော့ ခြုံပုတ်တစ်ခုထဲမှာ အဲကလေးအလောင်းတွေ့ခဲ့တယ်”
အဲဒီပြစ်မှုကျူးလွန်ခဲ့တဲ့ တရားခံအမျိုးသားကိုတော့ TNLAရဲ့ ရဲတပ်ဖွဲ့တွေက အဲနေ့မှာပဲ ဖမ်းဆီးနိုင်ခဲ့ပြီး သတ်ဖြတ်သွားတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။
သေဆုံးသွားခဲ့တဲ့ ရုပ်အလောင်းကိုတော့ ကျောက်မဲမြို့မှာရှိတဲ့ နမ့်ခုံးရှမ်းများပရဟိတအသင်းတွေက သွားရောက်သယ်ဆောင်လာပြီး မီးင်္သဂြုလ်ပေးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။