ဓာတ်ပုံ- Local

မြတ်နိုး၊ ဩဂုတ် ၆ ရက်၊ ဗန်းမော်

ကချင်ပြည်နယ် ဗန်းမော်မှာ စစ်ကောင်စီရဲ့ စစ်ကူ စစ်‌င်္ဘောတွေ ရောက်လာပြီးနောက် နေ့တိုင်းနီးပါး တိုက်ပွဲ ပြန်လည်ပြင်းထန်လာကြောင်း စစ်ရှောင်အပြင် ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“မနေ့ည ဗန်းမော်ဘက် အတော်ထူးဆန်းတဲ့ဗုံးသံ ကြားနေရတယ်။ အပေါ်ကနေ ထိုးဆင်းပြီး လာဖောက်ခွဲသွားသလို ထူးဆန်းတဲ့ ဖောက်ခွဲသံတွေ ကြားနေရတယ်” လို့ စစ်ရှောင်ဒေသခံ အမျိုးသမီးက ပြောပါတယ်။

ဗန်းမော်မြို့အနီးတဝိုက်က ဒေသခံတွေ ဗန်းမော်ဘက် တိုက်ပွဲပြင်းထန်တဲ့ လေယာဉ်ဗုံးကြဲသံတွေ ကျယ်လောင်လွန်းတာကြောင့် ညပိုင်း အိပ်မရကြဘူးလို့ ဆိုပါတယ်။

“စစ်ကောင်စီတွေက တရစပ် အင်အား အလုံးအရင်းနဲ့ ဇွတ်တိုးလာတာ။ ဒီတခေါက် သင်္ဘောတွေ ဒရုန်းတွေလည်း အများကြီး ပါလာတယ်လို့ သိရတယ်” လို့ ရှေ့တန်းနဲ့ နီးစပ်သူတ‌စ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ရေယာဉ်တွေ ဗန်းမော်ဘက် ရှောက်ရှိလာပြီးနောက် ဩဂုတ် ၄ ရက်ကစ စစ်ကောင်စီတပ်ဖွဲ့က ပြန်လည် ထိုးစစ်ဆင်လာနေတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ထောက်ပို့ယာဉ် ၄ စီး၊ လုံခြုံရေး ရေယာဉ် ၈ စီး စုစုပေါင်း ၁၂ စီးပါ ရေယာဉ်အုပ်စုဟာ ဩဂုတ် ၁ ရက် ၉ နာရီခန့်က ဗန်းမော်ကို ရောက်လာခဲ့တာဖြစ်ကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။