ဓာတ်ပုံ – KNU

‌ပို့လဘား၊ ဩဂုတ် ၅ ရက်

တနင်္သာရီတိုင်း မြိတ်- ထားဝယ်ခရိုင်အတွင်းရှိ ဝင်းဝကျေးရွာက ဒေသခံတစ်ဦးကို စစ်တပ်က ပစ်သတ်ခဲ့တယ်လို့ KNUက ဒီနေ့ ဩဂုတ် ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက် ည၁၀ နာရီဝန်းကျင်မှာ ဝင်းဝကျေးရွာဘက်ကို စစ်တပ်က ဝင်ရောက်လာတာဖြစ်ပြီး အဲဒီကျေးရွာက ဒေသခံတွေကို ‌စစ်ဆေးမေးမြန်းရာမှာ အသက် ၅၈ နှစ်အရွယ်ရှိတဲ့ ဦးသန်းစိုးကို စစ်တပ်က ပစ်သတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “အဲဒီနယ်မြေမှာရှိတဲ့ စကစတပ်တွေက သူတို့စခန်းကိုကွပ်ကဲတဲ့ ဗိုလ်ကြီးအဆင့်၂ ယောက်က မဆက်သွယ်ဘဲ ကျနော်တို့တပ်မဟာ၄ ဆီ ထွက်ပြေးလာကြတယ်။ အဲဟာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သူတို့လုပ်လေ့လုပ်ထရှိတဲ့ဟာ ရွာသားတွေကိုပဲ သူတို့တုံ့ပြန်မှာလေ။ အခုဖြစ်တဲ့ကိစ္စကလည်း အဲဒီရွာမှာဖြစ်တာဆိုတော့ သူတို့ကရွာသားတွေကိုရိုက်နှက်တာတွေပဲရှိမယ်။ ပစ်သတ်တာပဲရှိမယ် လူထုတွေပဲ နစ်နာတယ်။ အဲလိုပဲ ခဏခဏဖြစ်နေတယ်”လို့ ပြောပါတယ်။

ဝင်းဝကျေးရွာအပြင် တခြားရွာဖြစ်တဲ့ ဒေသခံတွေကိုလည်း စစ်တပ်က ၎င်းတို့ရဲ့ တပ်စခန်းကို ဖမ်းဆီးခေါ်ဆောင်သွားပြီး မနက် ၁ နာရီဝန်းကျင်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်က စစ်တပ်ရဲ့ ခလရ တပ်ရင်း (၄၀၃) ဝင်းဝတပ်စခန်းကနေ ထွက်ပြေးလာခဲ့တဲ့ တပ်သား ၂ ဦးကို စစ်တပ်ဘက်က လိုက်လံဖမ်းဆီးနေတာ‌တွေ ပြုလုပ်‌နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ ထွက်ပြေးလာတဲ့ စစ်တပ်ရဲ့ တပ်သား ၂ ဦးဟာ မနေ့ ဩဂုတ် ၄ ရက်မှာ ကရင်တပ်မတော် KNU/KNLA တပ်မဟာ(၄) တပ်ရင်း(၁၃) တပ်ခွဲ(၂)ထံ လက်နက်နဲ့အတူ အလင်းဝင်လာတာ ဖြစ်ပါတယ်။

အဲဒီလက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတဲ့ တပ်သား၂ ဦးကို KNLA တပ်ရင်း ၁၂ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးစောဒါးဒါးက ဂုဏ်ပြုဆုချီးမြှင့်ငွေ ကျပ်သိန်း ၄၀ စီ ဂုဏ်ပြုခဲ့တာဖြစ်ပြီး အဆိုပါတပ်သား ၂ ဦးကလည်း ဘက်ပြောင်းခိုလှုံနိုင်ရန်အတွက် ဆက်သွယ်ကူညီပေးခဲ့တဲ့တပ်သားမောင်ကျော်ကျော်ကိုလည်း ဆုချီးငွေ သိန်း ၂၀ ကျပ်ပေးအပ်ခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။