ဓာတ်ပုံ – Telegram

မိုင်းရူပ၊ သြဂုတ် ၅ ရက်၊ နောင်ချို

စစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် နောင်ချို- မိုးကုတ်လမ်းပိုင်းရှိ ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ တအာင်းတပ်မတော်-TNLA အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

တိုက်ပွဲတွေဟာ နောင်ချိုနဲ့ မိုးကုတ်လမ်းပေါ်ရှိ လွယ်ငင်း၊ နားမွန်း၊ ကြူကော်စတဲ့ ကျေးရွာတွေမှာ ဖြစ်ပွားနေပြီးစစ်တပ်ဘက်က လက်နက်ကြီးနဲ့ ဒရုန်းဗုံးတွေကို အများအပြားအသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

“နားနွဲ့ရွာဘက်အထိတော့ စစ်တပ်တွေရောက်နေပြီ။ လွယ်ငင်းရွာထဲ စစ်တပ်တွေမရောက်ဖို့ TNLA ဘက်လည်း ခုခံနေတယ်။ စစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးလာတယ်။ ဒရုန်းရော၊ ဟောင်ဝစ်ဇာရော အများကြီးပဲသုံးနေတယ်” လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အရင်က စစ်တပ်ရဲ့ ရဲဘက်အကျဥ်းစခန်းရှိတဲ့ ဟိုခိုကျေးရွာကိုတော့ TNLA ဘက်က ဆက်လက်ထိန်းချုပ်ထားပြီး လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ လွယ်ငင်း​ကျေးရွာဟာ ဟိုခိုနဲ့ ၂ မိုင်ကျော်သာ ကွာဝေးတာ ဖြစ်ပါတယ်။

PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကတော့ စစ်တပ်ရဲ့ ထိုးစစ်ကို TNLA နဲ့ ပူးပေါင်းတပ်တွေက ခုခံကာကွယ်ဖို့ ​ပြင်ဆင်ထားတယ်လို့ ဒီနေ့ သြဂုတ် ၅ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“လက်ရှိ မိုးကုတ်က လေကြောင်းတိုက်ခိုက်မှု အခံရဆုံးပဲ။ အခုတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်တာ မရှိသေးပေမယ့် ထိုးစစ်ဆင်လာရင်တော့ မိမိကိုယ်ကို ခုခံကာကွယ်ခွင့်အတွက် မဟာမိတ်တွေနဲ့ ပူးပေါင်းပြင်ဆင်ထားတယ်”

စစ်ကောင်စီထောက်ခံတဲ တယ်လီဂရမ်ချယ်နယ်တွေမှာတော့ နောင်ချိုမြို့နယ်ရှိ သံဘိုကျေးရွာအပါအဝင် လုတ်သပြေရွာနဲ့ သပြေဒိုးရွာကို စစ်တပ်ဘက်က မနေ့ သြဂုတ် ၄ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရေးသားဖော်ပြနေကြပါတယ်။

TNLA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ၁ နှစ်ကျော်အကြာ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်မှာ စစ်တပ်ထံ ပြန်လည်လက်လွှတ်ခဲ့ရပြီးနောက် မိုးကုတ်ဘက်ကို စစ်တပ်က ပြန်လည်ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။