ဓာတ်ပုံ – ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်း

မိုင်းရူပ၊ သြဂုတ် ၅ ရက်၊ တာချီလိတ်

ရှမ်းအရှေ့ တာချီလိတ်မြို့မှာ အသက် ၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့ ဖြစ်စဥ်ဖြစ်ပွားခဲ့တယ်လို့ တာချီလိတ်သတင်းတွေကို ဖော်ပြနေတဲ့ ရှမ်းအရှေ့သတင်းမဏ္ဍိုင်က ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်မှာ တာချီလိတ်မြို့ ဟောင်လိတ် ဝမ်ဟောင်ရပ်ကွက်မှာ ကလေးငယ်ဟာ မိခင်ဖြစ်သူ အဝတ်လျှော်နေစဥ် နေအိမ်အပြင်ဘက် ထွက်ကစားခဲ့ပြီးနောက် ပြန်မလာတော့ဘဲ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

ပျောက်ဆုံးနေသူအမျိုးသမီးငယ်ရဲ့ အလောင်းကို မနေ့ သြဂုတ် ၄ ရက်မှာ တာချီလိတ်မြို့နယ် မိုင်းဖုန်းအုပ်စု နမ့်လွတ်အာခါရွာအနီး မယ်ဟုတ်ချောင်းကနေ မဲခေါင်မြစ်ကို စီးဆင်းတဲ့ ချောင်းဆုံအနီးမှာတွေ့ရှိခဲ့တယ်လို့ ဖြစ်စဥ်ကို သိရှိသူ တာချီလိတ်ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

” အလောင်းကို တွေ့တဲ့အချိန် ပုတ်ပွကုန်ပြီ။ အလောင်းကို မယ်ဟုတ်ချောင်းက​နေ မဲခေါင်မြစ်ကို စီးတဲ့ ချောင်းအဆုံမှာ တွေ့တာ။ ရဲတွေရဲ့ စစ်ဆေးချက်အရ အဲကလေးက အဓ္ဓမပြုကျင့်ပြီး သတ်ဖြတ်ခံရတာ ဖြစ်နေတယ်။ အလောင်းကိုတော့ မီးသဂြိုလ်ပေးလိုက်ပြီ” လို့ ဆိုပါတယ်။

အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ သံသယရှိသူအမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ၎င်းရဲ့ထွက်ဆိုချက်အရ မိန်းကလေးငယ်ကို မုန့်ဝယ်ကျွေးမယ်လို့ လိမ်လည်ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်ခဲ့တယ်လို့ ထွက်ဆိုထားကြောင်း ရှမ်းအရှေ့သတင်းမဏ္ဍိုင်မှာ ဖော်ပြထားပါတယ်။

ကျူးလွန်သူအမျိုးသားက အဓမ္မပြုကျင့်နေစဥ် အမျိုးသမီးငယ်ဘက်က အော်ဟစ်အကူအညီတောင်းနေချိန် အသံမထွက်ဖို့ လည်ပင်းကို ညှစ်ခဲ့ရာမှ လက်လွန်ပြီး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့အမျိုးသားကို တာချီလိတ်မြို့ ဟော်လိတ်နယ်မြေရဲစခန်းက ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။