ဓာတ်ပုံ- Local၊ ရှေ့တန်း သတင်းရင်းမြစ်

မြတ်နိုး၊ ဇန်နဝါရီ ၃ ရက်၊ ဗန်းမော်

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကချင်တပ်မတော်- KIA ပူးပါင်းတော်လှန်ရေး တပ်ဖွဲ့တို့အကြား ဒီရက်ပိုင်းမှာ နေ့တိုင်းနီးပါး တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံအပြင် KIA ရှေ့တန်းနဲ့ နီးစပ်သူ‌တွေဆီက သိရပါတယ်။

“ဗန်းမော်မြို့ထဲ မီးလည်း လောင်နေဆဲပဲ။ နာရီစင်အနီးဝန်းကျင်နဲ့ ကားကြီးဝင်းဝန်းကျင် ဖြစ်မယ်။ တိုက်ပွဲက ပြင်းနေဆဲပဲ။ လေယာဉ်လည်း ဗုံး ဆက်တိုက် လာကြဲနေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မြို့ထဲ မီးလောင်‌နေတဲ့ အခြေအနေကိုတော့ မြစ်တစ်ဖက်ကမ်းကနေ လှမ်းမြင်နေရတယ်လို့ သူက ပြောပါတယ်။

တိုက်ပွဲ ပိုမို ပြင်းထန်လာတာကြောင့် ကယ်ဆယ်ရေး လုပ်နေတဲ့ ပရဟိတအဖွဲ့လည်း ကူညီကယ်ဆယ်ဖို့ ခက်လာတာ တွေ့ရတယ်လို့ ဆိုပါတယ်။

“မနေ့က ခလရ ၄၇ နား၊ ဝင်းလိုက်ဟိုတယ်၊ ရုံးကြီး၊ ဆေးရုံတွေဘက် တိုက်ပွဲ ပြင်းထန်တယ်” လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်တပ်ဘက်က မနေ့တစ်ရက်အတွင်း လေ‌ကြောင်းနဲ့ ဗုံး ၉ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ပြီး ဒရုန်းနဲ့လည်း ပိုမိုတိုက်ခိုက်လာကာ တိုက်မြင့်တွေမှာတော့ စစ်ကောင်စီတပ်ဘက်က စနိုက်ဘာသမားလည်း ရှိနေသေးတယ်လို့ သူက ပြောပါတယ်။

မြို့ထဲက အခြေအနေ ဆိုးတဲ့ဘက်မှာ ဒေသခံလူထု အထိအခိုက် များပြီး သေဆုံးသွားသူရဲ့ အလောင်းကို မြေမြှုပ်‌ပေးမယ့်သူ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

နှစ်သစ်ကူးနေ့မှာလည်း ခလရ ၄၇ အနီး၊ ရုံးကြီးဘက် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းနဲ့ ၇ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့သလို ဒီဇင်ဘာ ၃၁ ရက်မှာလည်း ဝင်းလိုက်ဟိုတယ်၊ သိမ်တော်ကြီးဝင်း၊ ၄ မိုင်ဘက်မှာ တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဝင်းလိုက်ဟိုတယ်ဟာ ရစရာမရှိအောင် ပျက်စီးသွားပြီး သိမ်တော်ကြီးဘုရားဝန်းရှိ လေးထပ်ကျောင်းဆောင်နဲ့အနီးအနားရှိ အဆောက်အဦးလည်း ပျက်စီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။