ပုံစာ- ကွတ်ခိုင်မြို့ကို မသိမ်းပိုက်ခင် မြို့တွင်းထဲ တွေ့ရတဲ့ စစ်ကောင်စီတပ်

ယာရူစိင်း၊ ဇန်နဝါရီ ၃ ရက်၊ မူဆယ်

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့ကနေ ၁ဝ၅ မိုင်ဘက် သွားလာဖို့အတွက် မြို့အထွက်မှာရှိတဲ့ စစ်တပ်ဂိတ်ထံ အိမ်စီးကားတစ်စီးကို အသွားအပြန်အတွက် ငွေ (၁၆ဝ,ဝဝဝ)ကျပ် ပေးနေရပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၄ ဒီဇင်ဘာလကတည်းက ဆိုင်ကယ် အသွားအလာ ခွင့်ပြုပေးခဲ့ပြီး ဒီဇင်ဘာလ နောက်ဆုံးအပတ်မှာတော့ အိမ်စီးကား သွားလာခွင့် ပြုခဲ့တယ်လို့ မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“မူဆယ်အဝင်မှာလည်း ပေးရတာဘဲ။ ခဏတုန်းက ဖြတ်သွားပြီး မနက်တုန်းကမှ ပိုက်ဆံ ပေးပြီးပြီပြောလဲ မရဘူး။ နောက်ထပ် ၈ သောင်း ပြန်ပေးရတယ်။ အဲလမ်း ဖြတ်သွားရဖို့ ၁ သိန်း ၆ သောင်းလောက် ပေးရတယ်။ ညှိနှိုင်းရခက်တယ် အဆင်မပြေဘူး။ နောက်ကျရင်တော့ မသိဘူးပေါ့။ အခုတလော ဘယ်သွားသွား စစ်ခွေးတွေက ပိုက်ဆံဘဲ တောင်းနေတာ စိတ်ပျက်စရာပါ”

လက်ရှိမှာတော့ အသုံးအဆောင်ပစ္စည်း တင်ဆောင်ခွင့် မတင်းကြပ်တော့ပေမဲ့ ဓာတ်ဆီ သယ်ယူခွင့်ကိုတော့ တင်းကြပ်ထားသေးတယ်လို့ နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦး ပြောပါတယ်။

“ပိုက်ဆံရှိမှ ဖြတ်လို့ရတာပါနော်။ ပိုက်ဆံ ပေးလိုက်ရင် စကစတွေက စပယ်ရှယ် ကြိုဆိုပြီးသား။ စိတ်မပူနဲ့ ပိုက်ဆံဘဲ ပေးပေါ့နော်။ ကျနော် ဖြတ်သွားတဲ့အချိန်မှာလည်း ပိုက်ဆံ ပေးလိုက်တာနဲ့ လုံးဝကို အဆင်ပြေချောမွေ့နေရောဘဲဗျ။ အဲလိုပုံစံ လက်တွေ့မှာ ဖြစ်နေပါတယ်လို့ ကျနော် ပြောချင်ပါတယ်”

လက်ရှိအချိန်ထိ သွားလာခွင့်ကို တရားဝင် ခွင့်ပြုပေးထားတာမဟုတ်ဘဲ တချို့ရက်မှာတော့ သွားလာခွင့် ပိတ်ထားတတ်တယ်လို့လည်း သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။