ဓာတ်ပုံ – Telegram

မိုင်းရူပ၊ ဇူလိုင် ၂၈ ရက်၊ နောင်ချို

စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့ကို ပြန်ထိန်းချုပ်ပြီးနောက် နောင်ချို–မိုးကုတ်လမ်းပိုင်းရှိ ကျေးရွာတွေကို ထိုးစစ်ဆင်နေပြီး သုံးဆယ်ရွာကို စစ်ကောင်စီ ပြန်ထိန်းချုပ်လိုက်ပြီလို့ ရှေ့တန်းသတင်းအရင်းအမြစ်တွေက ရွှေဖီမြေ ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အုမ္မတီးလမ်းခွဲကနေ ထိုးစစ်ဆင်နေပြီး နောင်ချို–မိုးကုတ်လမ်းပေါ်ရှိ သုံးဆယ် စတဲ့ ကျေးရွာကို ဒီရက်ပိုင်းအတွင်း ပြန်ထိန်းချုပ်နိုင်ခဲ့ပြီး သုံးဆယ်အနီးတဝိုက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

“စစ်ကောင်စီဘက် ပြန်ထိုးနေတာ။ သံဘို၊ ဟိုနောင်ဘက်အထိ စစ်ကောင်စီက ထိုးစစ်ဆင်နေတာ။ လေယာဉ်နဲ့လည်း ဗုံးကြဲနေတယ်” လို့ ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေ ကို ပြောပါတယ်။

TNLA ဘက်ကတော့ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်မှာ နောင်ချိုမြို့နယ် ဟိုခိုကျေးရွာကို လေကြောင်းနဲ့ တိုက်ခိုက်ပြီး အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မနေ့ ဇူလိုင် ၂৭ ရက်မှာ ထုတ်ပြန်ထားပြီး တိုက်ပွဲသတင်းကိုတော့ ဖော်ပြထားတာ မရှိပါဘူး။

TNLA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ၁ နှစ်ကျော်အကြာ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်မှာ စစ်ကောင်စီတပ်ထံ ပြန်လည် လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

နောင်ချိုမြို့ကို စစ်ကောင်စီတပ်ဘက်က ပြန်ထိန်းချုပ်ပြီးနောက် နောင်ချိုမြို့ပေါ်မှာ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေး အပါအဝင် စတဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ပြုလုပ်နေကြာင့် စစ်ကောင်စီဘက်က နေ့စဉ်လိုလို ဝါဒဖြန့် ထုတ်ပြန်နေတာ တွေ့ရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။