ဓာတ်ပုံ – Local

ယာရူစိင်၊ ဇူလိုင် ၂၈ ရက်၊ တာချီလိတ်

ရှမ်းအရှေ့ တာချီလိတ်မြို့ရှိ ဒေသခံတွေ ရေဘေးသင့်နေတဲ့အချိန်မှာ လမ်းမပေါ် အရှိန်နဲ့ မောင်းလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကားကြောင့် ဆိုင်တွင်းပစ္စည်းတချို့ ပျက်စီးသွားခဲ့တယ်လို့ တာချီလိတ်မြို့ခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ ဇူလိုင် ၂၈ ရက် မနက်ပိုင်းအချိန်မှာ တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းမပေါ်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ကားဟာ အရှိန်နဲ့ မောင်းလာတာကြောင့် လမ်းဘေးတွေမှာ ဖွင့်ထားတဲ့ ဆိုင်ခန်းတွင်းရှိ ပစ္စည်းတချို့ ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

“အကောင်းတိုင်းရှိတဲ့ ဆိုင်တွင်းထဲက ပစ္စည်းတွေ ပျက်စီးတာမျိုးရှိတယ်။ အရှိန်နဲ့ မောင်းလာတာဆိုတော့ တံခါးတွေ ပျက်တားမျိုးလည်း ရှိတယ်။ ဆိုင်ခန်းထဲကို ရေတွေ ပိုပြီး ဝင်တာမျိုးတွေပေါ့။ သူတို့ ထိန်းချုပ်ထားတဲ့ မြို့ဆိုတော့ သူတို့လုပ်ချင်တာ လုပ်နေတာပေါ့” လို့ တာချီလိတ်မြို့ခံတစ်ဦးက ပြောပါတယ်။

မနေ့ ဇူလိုင် ၂၇ ရက် ည ၁၁ နာရီကျော်မှာ မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး မြို့အတွင်းရှိ ပုန်းထွန်၊ ဆန်ဆိုင်း၊ တာလော့ရပ်ကွက်တွေအပါအဝင် ရေမြင့်တက်လာတာကြောင့် ဒေသခံတချို့ ပြောင်းရွှေ့နေထိုင်ကြရပါတယ်။

“ပြီးခဲ့တဲ့ ၂ ရက်လောက်ကတော့ မိုးရွာပေမဲ့ မိုးမကြီးဘူး။ ဒီနေ့တော့ ရေတက်တာ အတော်လေးဆိုးတယ်။ အဓိကတော့ မယ်ဆိုင်ဘက်နဲ့ နည်းတဲ့ ရပ်ကွက်တွေမှာပဲ ရေတက်တာပေါ့။ ရေက မကြာခဏ တက်နေတော့ ပြောင်းရွှေ့နေထိုင်ကြရတာက ပုံမှန်ပါပဲ။ ရေမတက်တဲ့နေရာတွေလည်း ရှိတာပေါ့။ မိုးတွင်းဆိုတော့ မိုးနည်းနည်း ရွာတာနဲ့ ရေတက်လာတာ။ ကြီးမာတဲ့ ရေဘေးအန္တရာယ်နဲ့ ကြုံတွေ့နိုင်တယ်ပေါ့” လို့ နောက်ထပ် တာချီလိတ်မြို့ခံ တစ်ဦးက ပြောပါတယ်။

မယ်ဆိုင်ချောင်းရေဟာ တိုင်းထွာချက်အရ စိုးရိမ်ရေမှတ်အထက် ၅ ပေခွဲကျော်အထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

တာချီလိတ်မြို့မှာ ရေကြီးရေလျှံမှုနဲ့ ရေထဲမျှော်ပါပြီး သေဆုံးတာတွေလည်း မကြာခဏ ဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၅ ရက်ကလည်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းမှာ အမျိုးသား ၁ ဦး ရေထဲ မျှော်ပါပြီး သေဆုံးတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ရှမ်းတောင် နေရာအများစုမှာလည်း ရေကြီးမှု ဖြစ်ပွားနေတာကြောင့် လူ ၆ ဦးထက်မနည်း သေဆုံးတာတွေရှိနေပြီး ရွာလုံးကျွတ် ပျက်စီးနေတာတွေလည်း ရှိနေပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။