မိုင်းရူပ၊ ဇူလိုင် ၂၇ ရက်၊ ကျောက်မဲ
တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့အနီး ပန်ပေါင်းရွာကို စစ်ကောင်စီတပ်က အသေခံဒရုန်း ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇူလိုင် ၂၆ ရက် ည ၁၁ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့နယ်ကနေ ပန်ပေါင်းကျေးရွာထဲကို အသေခံဒရုန်း ၃ ဦးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“အသေခံဒရုန်း ၃ စီးနဲ့လာကြဲတာ။ နေအိမ်တွေ ပျက်စီးသွားတာ ရှိတယ်” လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇူလိုင် ၂၆ ရက် နေ့လည် ၁၂ ဝန်းကျင်မှာလည်း ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခဲ့ရာ အရပ်သား ၁ ဦး သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ မကြာခဏ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် တအာင်းတပ်မတော်-PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ပေါ်က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ဒါ့အပြင် နောင်ချိုမြို့ကို စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ပြီးနောက် ကျောက်မဲမြို့ကို ပြန်ထိုးစစ်ဆင်လာနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် လူထုတွေကြားမှာ စိုးရိမ်မှုတွေ ရှိနေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။