ဓာတ်ပုံ – MOI

ယာရူစိင်၊ ဇူလိုင် ၂၅ ရက်၊ မူဆယ်

စစ်ကောင်စီတပ် ထိန်းချုပ်ဒေသဖြစ်တဲ့ မူဆယ်မြို့နဲ့ လားရှိုးမြို့မှာ ဓားပြတိုက်မှုတွေ ဖြစ်ပွါးနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ မနက် ၇ နာရီကျော်မှာ မူဆယ်မြို့ ကောင်းမှုလွယ်ရပ်ကွက်မှာ ဆိုင်ကယ်မောင်းတဲ့ အမျိုးသမီးတစ်ဦးကို ကားစီးလာတဲ့ အမျိုးသား ၃ ဦးက ဆိုင်ကယ်ပေါ်ကနေ ဆွဲချပြီး ပြန်ပေးဆွဲသွားခဲ့တယ်လို့ မူဆယ်မြို့ခံ အမျိူးသမီးတစ်ဦးက ပြောပါတယ်။

“ကောင်းမှုလွယ်ဘက်မှာက ပြန်ပေးဆွဲတာတွေ ခဏခဏဖြစ်တယ်လေ။ မသိရင် ဓားပြတိုက်မှု၊ လုယက်၊ ပြန်ပေးဆွဲမှုတွေက ဖြစ်နေရင်တောင် ဘာမှမဟုတ်တော့သလိုပေါ့။ အဲအဖွဲ့က ကားအဖြူနဲ့ ပြန်ပေးဆွဲမှုဖြစ်ရင် အဲကားအဖြူပဲ”

မူဆယ်မြို့မှာ ဓားပြတိုက်မှု၊ လူသတ်မှု၊ ပြန်ပေးဆွဲမှုနဲ့ လုယက်မှုတွေ မကြာခဏ ဖြစ်ပွါးနေပေမဲ့ ဒေသခံတွေဟာ သက်ဆိုင်ဌာနထံ တိုင်ကြားထာပေမဲ့ သက်ဆိုင်ရာဘက်က ဘယ်အမှုကိုမှ ဖော်ထုတ်နိုင်တာ မရှိတာကြောင့် ဒေသခံတွေ အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။

မူဆယ်မြို့ခံ တစ်ဦးကလည်း”အာဏာသိမ်းပြီးကတည်း လုံခြုံမှုမရှိတော့တာ။ အမှုတွေအားလုံးလည်း အခုမှ ထဖြစ်တာမှမဟုတ်တာလေ။ ပိုင်ရှင်မဲ့အလောင်းတွေ့လည်း သေဆုံးတဲ့သူရဲ့ နေရပ်လည်း မသိရ။ မသိရင် ဘာမှမဖြစ်ဘူးပေါ့။ သူတို့က အေးအေးဆေးဆေးပဲ နေနေတာပါ”လို့ ပြောပါတယ်။

ဒါ့အပြင် ဒီနေ့ ဇူလိုင် ၂၅ ရက် မနက်အစောပိုင်းမှာလည်း လားရှိုးမြို့ နယ်မြေ ၆ နဲ့ နယ်မြေ ၈ အစပ်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးကို အမျိုးသား ၂ ဦးဟာ ရှေ့ကနေ ပိတ်ရပ်ကာ ဓားထောက်ပြီး ဆိုင်ကယ်၊ ဖုန်း၊ ဆွဲကြိုးနဲ့ လက်စွပ် လုယက်ဓားပြတိုက်သွားခဲ့တယ်လို့ လားရှိုးမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ဓားပြတိုက်ခံရတဲ့ အမျိုးသမီးက စစ်ရှောင်တစ်ယောက်ပေါ့။ လားရှိုးမှာရှိတဲ့ သူ့အမျိုးအိမ်လာနေတာပေါ့နော်။ အဲနေရာမှာက ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း ဓားပြတိုက်မှု တစ်ခါဖြစ်ပွါးသေးတယ်”

လားရှိုးမြို့ကို စစ်တပ်က ဝင်ရောက်ပြီးနောက် ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်ကနေ ဒီနေ့ ဇူလိုင် ၂၅ ရက်အထိ ဓားပြတိုက်မှု၊ ဓားခုတ်မှုနဲ့ လုယက်မှု ၃၁ ကြိမ်ထက်မနည်း ဖြစ်ပွါးခဲ့တာပါ။

လားရှိုးမြို့ကို စစ်ကောင်စီတပ်ဟာ ပြန်တိုက်ယူစရာမလိုပဲ တရုတ်အကူအညီနဲ့ ထိန်းချုပ်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မူဆယ်၊ လားရှိုး၊ တာချီလိတ်၊ ကျိုင်းတုံ၊ တန့်ယန်းမြို့အပြင် အခြားမြို့တွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူနဲ့ လောင်းကစားဝိုင်းတွေဟာ အရင်ကထက် ပိုများလာပြီး ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုနဲ့ လူသတ်မှုတွေလည်း မကြာခဏ ဖြစ်ပွါးနေသလို တရားဥပဒေစိုးမိုးရေး အားနည်းနေတဲ့မြို့တွေ ဖြစ်နေကြောင်း ဒေသတွင်းသတင်းတွေမှာ ဖော်ပြနေတဲ့ အချက်အလက်တွေက ဖော်ပြနေပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။