ဓာတ်ပုံ- ရှမ်းအရှေ့ သတင်းမဏ္ဍိုင်

ယာရူစိင်၊ ဇူလိုင် ၂၂ ရက်၊ တာချီလိတ်

ရှမ်းအရှေ့ တာချီလိတ်မြို့မှာ လေပြင်း တိုက်ခတ်တာကြောင့် သစ်ပင် ကျိုးကျရာကနေ မီးကြိုး ပြတ်ပြီး ဓာတ်လိုက်လို့ ၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ တာချီလိတ်မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ဝီဖာ”မုန်တိုင်း အဖျားခတ်မှုကြောင့် မနေ့ ဇူလိုင် ၂၁ ရက်မှာ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ လွှမ်းမိုး ဘုန်းကြီးကျောင်းရှေ့ လမ်းမပေါ်မှာ သစ်ပင် ကျိုးကျလို့ မီးကြိုးပြတ်ပြီး ဓာတ်လိုက်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

တာချီလိတ်မြို့ခံတစ်ဦးက “ဒဏ်ရာ ရတာက အမျိုးသား ၂ ဦးပေါ့။ မနေ့ကတော့ လေတိုက်တာ ပြင်းတယ်။ လေတိုက်တာက နာရီပိုင်းလောက်တောင် မရှိဘူး။ လေလည်းတိုက် မိုးလည်း နည်းနည်း ကျတာပေါ့။ အဓိကတော့ “ဝီဖာ”မုန်တိုင်းကြောင့်ပေါ့။ တာချီလိတ်မှာက မကြာခဏ ဖြစ်နေတာပဲ။ ဓာတ်လိုက်ခံရတဲ့ ၂ ယောက်က ဆိုင်ကယ် စီးနေချိန် ဖြစ်လို့ပါ” ဆိုပြီး ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်ကလည်း မိုးအဆက်မပြတ် ရွာသွန်းခဲ့ရာ တာချီလိတ်မြို့ ညဈေးတန်းရှိ ဆိုင်ခန်းအပေါ် ကုက္ကိုလ်ပင်တစ်ပင် လဲကျခဲ့တာကြောင့် အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၂ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

တာချီလိတ်မြို့မှာ ရေကြီးရေလျှံမှုနဲ့ ရေထဲ မျှောပါပြီး သေဆုံးတာတွေလည်း မကြာခဏ ဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၅ ရက်ကလည်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းမှာ အမျိုးသား ၁ ဦး ရေထဲ မျှောပါပြီး သေဆုံးတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။