ဓာတ်ပုံ- CJ

ပျားကြီး၊ ဇူလိုင် ၁၈ ရက်၊ မန္တလေး

ရစ်ချ်တာစကေး ၅.၄ အဆင့်ရှိတဲ့ ငလျင်တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့တာကြောင့် မန္တလေးမြို့က ငလျင်ဒဏ် ခံခဲ့ရတဲ့ အဆောက်အဦးတချို့ ပြိုကျမှု ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ညနေ ၄ နာရီက လှုပ်ခတ်ချိန် ၁၀ စက္ကန့်ဝန်းကျင် ကြာမြင့်တဲ့ ငလျင်လှုပ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့တာဖြစ်ပြီး မတ်လ ၂၈ ရက်က စစ်ကိုင်းငလျင် လှုပ်ခတ်မှုဖြစ်စဉ်အပြီး ၁၁၁ ရက်မြောက်နေ့မှာ အင်အား အသင့်အတင့်ရှိတဲ့ ငလျင်တစ်ခု ပြန်လည်လှုပ်ခတ်ခဲ့တာပဲ ဖြစ်ပါတယ်။

“အစက ဖြည်းဖြည်းလေး လှုပ်တာ။ ပြီးမှ တဒုန်းဒုန်းနဲ့ ဆက်တိုက် လှုပ်တော့တာပဲ။ အိမ်ပြင်ရောက်တော့ အိမ်နားက ဖြိုလက်စတိုက်က အောက်ထပ်တစ်ခုလုံး ကျွံကျပြန်ရော။ ဘယ်ပြေးရမှန်းကို မသိတော့ဘူး။ တော်တော်ဆိုးတယ်” လို့ အောင်မြေသာစံမြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် အရင်ငလျင်ဒဏ်သင့် အဆောက်အဦးတချို့ ပြိုကျမှု ရှိခဲ့ပေမဲ့ လူထိခိုက်မှု တစုံတရာ မရှိသေးဘူးလို့ ဒေသခံ ပရဟိတသမားတစ်ဦးက ပြောဆိုပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် မန္တလေးမြို့မှာ လူပေါင်းထောင်နဲ့ချီ သေဆုံးခဲ့ပြီး အဆောက်အဦးပေါင်း ထောင်နဲ့ချီ ပြိုကျပျက်စီးခဲ့သလို လက်ရှိအချိန်ထိ ဖြိုဖျက်ဖို့ ကျန်နေသေးတဲ့ အန္တရာယ်ရှိ အဆောက်အဦးတွေလည်း ၁၀၀ ကျော် ကျန်ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း မန္တလေးမြို့ပေါ်ကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၄.၈ အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။