မိုင်းအရှိုင်း၊ ဇူလိုင် ၁၇ ရက်၊ ကျောက်မဲ

PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးအဆက်မပြတ် ကြဲချခဲ့ပြီးနောက်ပိုင်း လက်ဖက်ဝယ်သူ မရှိဖြစ်လာနေတယ်လို့ လက်ဖက်တောင်သူတွေက ရွှေဖီမြေကို ပြောပါတယ်။

ကျောက်မဲက လက်ဖက်လုပ်ကိုင်သူတစ်ဦးက “လက်ဖက် လာဝယ်တဲ့သူတွေမရှိတော့ဘူး။ အခုက လက်ဖက်ရုံတော်တော်များများလည်းပိတ်ပြီ။ ရောင်းစရာနေရာလည်း မရှိတော့ဘူး။ လက်ဖက်ကုန်သည်တွေက ဗုံးကြဲကတည်းက မန္တလေးတို့ အခြားနေရာ ရှောင်သွားကြပြီ” လို့ ဆိုပါတယ်။

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်က လူစည်ကားရာ စံပြထမင်းဆိုင်ကို လေကြောင်းကနေ စတင်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတွေ အပြင်မထွက်ရဲကြတော့သလို နေရပ်ကနေ တိမ်းရှောင်ပြီး မြို့တွင်းကဆိုင်တချို့ ပိတ်ထားကြရပါတယ်။

“တစ်လလောက်တော့ရှိပြီ လာဝယ်တဲ့သူတွေမရှိတော့ဘူး။ မန္တလေးတို့ဘာတို့လည်း သွားလို့မရတော့ဘူး။ ဝယ်နေကြရုံတွေကလည်း ရှောင်သွားပြီ”လို့ နောက်ထပ် လက်ဖက်လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

ကျောက်မဲမြို့က လက်ဖက်ပွဲရုံတွေဟာ ကျောက်မဲနယ်က လက်ဖက်လုပ်ကိုင်သူတွေအပြင် အခြားမြို့နယ်က လက်ဖက်လုပ်ကိုင်သူတွေအတွက် လက်ဖက်ရောင်းဝယ်ဖောက်ကားရာ မြို့တစ်မြို့ဖြစ်ပါတယ်။

လက်ရှိချိန်မှာတော့ ကျောက်မဲမြို့မှာရှိတဲ့ လက်ဖက်ကုန်သည်တွေဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်ပြီးတဲ့နောက်ပိုင်းမှာ တိမ်းရှောင်နေတာကြောင့် လက်ဖက်တောင်သူတွေ လက်ဖက်ရောင်းမရတဲ့ အခြေအနေကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။