မိုင်းရူပ၊ ဇူလိုင် ၁၃ ရက်၊ နောင်ချို

စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့အနီးရှိ ကျေးရွာ ၃ ခုမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။

ဒီနေ့ ဇူလိုင် ၁၃ ရက်မှာ နောင်ချိုမြို့အနီးရှိ ကုန်းစံ၊ ကျောက်တောနဲ့ ကျောက်ကြမ်းစတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ TNLA အကြား တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီတွေ မြို့ထဲမရောက်သေးဘူး။ ဒီနေ့က ကုန်းစံ၊ ကျောက်တော၊ ကျောက်ကြမ်းဘက်မှာ ဖြစ်နေတယ်” လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီးစစ်ကြောင်းဟာ နောင်ချိုမြို့အနီးရှိ ဂုတ်ထိပ်တံတားအထိ ရောက်ရှိလာပြီဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပြီး ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေကတော့ စစ်ကောင်စီစစ်ကြောင်းဟာ ဂုတ်ထိပ်တံတားအနီးထိ ရောက်ရှိလာတာမရှိဘူးလို့ ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ၎င်းတို့လက်လွတ်ခဲ့ရတဲ့နောင်ချိုမြို့ကို ပြန်ရဖို့ စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်အင်အားထောင်နဲ့ချီအသုံးပြုကာ ၅ လနီးပါး ထိုးစစ်ဆင်တိုက်ခိုက်နေပေမဲ့ TNLA နဲ့ ပူးပေါင်းတပ်တွေရဲ့ တန်ပြန်တိုက်ခိုက်မှုတွေကြောင့် နောင်ချိုမြို့ကို ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။

တအာင်းတပ်ဘက်ကလည်း နောင်ချိုမြို့နယ်ရှိ ရွှေပြည်ညွန့် ၊ ကျောက်ပြုတ်နှင့် ကုန်းစံကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ TNLA အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီး (၁၆၉)လုံး၊ ဒရုန်းဗုံး (၅၄)လုံးနဲ့ လေကြောင်းနဲ့ ဗုံး (၆)လုံးအသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ မနေ့ ဇူလိုင် ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

နောင်ချိုတိုက်ပွဲကြောင့် မြို့ပေါ်ရှိ ဒေသခံတွေနဲ့ မြို့အနီးရှိ နေထိုင်သူတွေ စစ်ဘေးရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၁ရက်နေ့တုန်းက နောင်ချိုမြို့ စျေးရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၆လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

TNLAနဲ့ပူးပေါင်းတပ်တို့ နောင်ချိုမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၆၀၆) ဒုံးတပ်ရင်းအပါအဝင် ခြေမြန်တပ်ရင်း-၁၁၄၊ ခမရ- ၁၁၅ တို့ကို ၂ ပတ်ကြာ တိုက်ခိုက်သိမ်း ပိုက်ပြီး နောင်ချိုမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၀ ရက်မှာ ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။