ယာရူစိင်၊ ဇူလိုင် ၁၃ ရက်၊ လားရှိုး

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ နွားတင်တဲ့ကားသမားတွေထံ စစ်တပ်က ငွေသိန်းရာချီ တောင်းနေသလို ငွေမပေးသူတွေကို ထောင် ၆ လချမှတ်နေတာတွေရှိနေတယ်လို့ ဒေသခံတွေထံက စုံစမ်းသိရပါတယ်။

လားရှိုး-သိန္နီအထွက် အေဒီတံတားနဲ့ နမ္မတူ-လားရှိုးအဝင်ဂိတ်နေရာတွေမှာသာ အဓိကထားပြီး နွားတင်ကားသမားတွေထံ ငွေသိန်းရာချီ တောင်းနေတာလို့ မျက်မြင်တွေ့ရှိသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အဲနေ့က နမ္မတူ-လားရှိုးအဝင်မှာ ကျနော် အဲဒီနွားတင်တဲ့ကားနောက် တန်းစီရတော့လေ။ ကျန်တဲ့ကားတွေတော့ အကြာကြီးမရပ်ရဘူး။ မလွှတ်တာဆိုလို့ အဲနွားတင်တဲ့ကားပဲ ရှိတယ်”

စစ်ကောင်စီတပ်သားတွေဟာ နွားတင်ကားသမားတွေထံ အနည်းဆုံး ငွေ သိန်း ၁၀၀ကနေ ငွေ သိန်း ၃၀၀ အထိ တောင်းနေပြီး ငွေးပေးနိုင်တဲ့ကားသမားတွေတော့ စစ်တပ်က ထောင်ဒဏ်မချဘူးလို့ အထက်ပါသတင်းအရင်းအမြစ်က ပြောပါတယ်။

နွားတင်ဖို့အတွက်ကို လားရှိုးမြို့ရှိ သက်ဆိုင်ရာဌာနတွေထံ အကြောင်းကြားပြီးမှသာ နွားတင်ခွင့်ရတယ်လို့ နောက်ထပ်ဒေသခံတစ်ဦး ပြောပါတယ်။

“ဘယ်ဌာနကို တိုင်းကြားထားတာလည်းပေါ့။ အကြောင်းမကြားပဲ နွားတင်လာရင်တော့ ပိုက်ဆံကောက်တယ်လေ။ မပေးရင် ထောင်ဒဏ် ၆ လအပါအဝင် ချတယ်ပေါ့။ အကြောင်းကြားပြီး အခွန်ဆောင်ပြီး တင်လာရင်တော့ သိပ်ပြဿနာမရှိပါဘူး”

ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ကလည်း ကွတ်ခိုင်မြို့ကနေ လားရှိုးဘက်ဆင်းတဲ့ ကုန်ကားတစ်စီးကို အေတီတံတားမှာ လုံခြုံရေးတာဝန်ယူနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကုန်ကားသမားထံ ငွေ ၁၅ သိန်းထက်မနည်း တောင်းခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့သူတွေက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုး-နမ္မတူလမ်းခွဲမှာလည်း ဖြတ်သန်းသွားလာတဲ့ ကုန်ကားသမားတွေဆီကနေ စစ်တပ်က ငွေ ၅ သောင်းကနေ သိန်းချီအထိ တောင်းခံတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။