ဓာတ်ပုံ – Local

ပို့လဘား၊ ဇူလိုင်လ ၁၂ ရက်၊ ရွှေလီ

တရုတ်ပြည် ရွှေလီမြို့မှာ ကျောက်စိမ်းလိမ်ရောင်းနေတဲ့သူတွေကို တရုတ်ရဲတွေက ဝင်ရောက်စစ်ဆေးဖမ်းဆီးထားတာ ရှိနေတယ်လို့ ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရွှေလီမြို့ ရှလုံအန်းမှာရှိတဲ့ စည်ပင်ဝန်းထိပ်ကတိုက်မှာ ကျောက်စိမ်းအရောင်းအဝယ်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားအပါအဝင် မြန်မာနိုင်ငံသားတွေကိုပါ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက် ညမှာ တရုတ်ရဲတွေက ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ပြောပါတယ်။

“သူတို့ထုံးစံအတိုင်းပဲ Live လွင့်ပြီး WeChat ကနေရောင်းတယ်။ ပြီးတော့ Facebook မှာလည်း ရောင်းတယ်။ အခုကဆို Titok မှာပါ ရောင်းလာကြပြီ။ သူတို့ရောင်းတဲ့ ကျောက်တွေ ပြည်ကြီးထဲက လူတွေ ဝယ်လိုက်တာ အတုဖြစ်နေတော့ သူတို့တိုင်လိုက်တာ။ အဲဟာနဲ့ ရဲတွေက အကုန်ဝင်ဖမ်းလိုက်တယ်။ အဲ့ကလူတော်တော်များများမူဆယ်ကိုရွေ့လာကြပြီ။ မူဆယ်မှာလည်း Liveလွင့်ပီး ပြန်ရောင်းနေကြပြီ” လို့ သူက ပြောပါတယ်။

ရွှေလီမြို့က ကျောက်စိမ်းအရောင်းအဝယ်လုပ်တဲ့ တယ်လုံကျောက်ဝိုင်းတစ်ခုမှာလည်း ငွေလိမ်လည်မှု ဖြစ်ပွားတာ ရှိခဲ့တယ်လို့ အဆိုပါအမျိုးသားက ပြောပါတယ်။

“အဲဒီတယ်လုံကျောက်ဝိုင်းကျတော့ လိုင်းပေါ်ကနေတရုတ်ငွေ သိန်း ၂ထောင်(ကျပ်သိန်း၁,၂၀၀ကျော်)လိမ်သွားတာ။ အဲဟာတွေနဲ့ပတ်သက်ပြီး ရဲတွေက အဲညမှာပဲ အကုန်ဝင်သမပီး ဖမ်းနေတာ။ ထောင်ထဲမှာ ၃ နှစ်နေရမယ်လို့ ပြောကြတာပဲ” လို့ ပြောပါတယ်။

ဒါ့အပြင် ရွှေလီမြို့က တရုတ်သူဌေးတွေဟာ မြန်မာနိုင်ငံသားတချို့ကိုခေါ်ယူပြီး မြန်မာနိုင်ငံသားအချင်းချင်း ကျောက်တွေကို လိမ်‌ရောင်းခိုင်းနေပြီးတော့ တစ်နေ့ကို တရုတ်ယွမ်ငွေ ၂ သိန်းနီးပါးဖိုး(ကျပ်သိန်း ၁,၂ဝဝ ကျော်) ရောင်းရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေမှာ တရုတ်အချင်းချင်း ကျောက်စိမ်းလိမ်ရောင်းခဲ့ကြပြီး လိမ်ခံရသူဟာ တရုတ်ရဲဆီ တိုင်ရာကနေ ကျောက်အတု ရောင်းတဲ့သူတွေကို ဖမ်းဆီးပြီး ထောင်ဒဏ် ၅ နှစ်ကနေ ၁၀ နှစ် ကျခံခဲ့ရတယ်လို့ ဆိုပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

မလေးရှားမှာ မြန်မာလုပ်သား ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ဆလန်ဂေါ့ပြည်နယ် ကာကျန်းမြို့မှာ မြန်မာ ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရတယ်လို့ မလေးရှားရောက် မြန်မာတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ရွှေလီမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦး တံတားပေါ်ကနေ ခုန်ချပြီး အလောင်းရှာမတွေ့သေး

တရုတ်ပြည် ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦး ရွှေလီ-ကျယ်ဂေါင် ကူးပေါင်းတံတားပေါ် ကနေ ခုန်ချခဲ့ပြီး လက်ရှိအချိန်ထိ အလောင်းရှာမတွေ့သေးဘူးလို့ လှုမှုကူညီရေးအသင်းသမားတစ်ဦးက ပြောပါတယ်။

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်တွေကို ဇီဝအချက်အလက် ကောက်ယူနေ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်အပါအဝင် ဘင်္ဂလားဒေ့ရှ်က စစ်ဘေးရှောင်တွေရဲ့ ဇီဝအချက်လက်ကို ဇူလိုင် ၂၉ ရက်ကစပြီး ကောက်ယူနေတယ်လို့ မြန်မာစစ်ဘေးရှောင်တွေဆီက သိရပါတယ်။

တရုတ်နိုင်ငံ ရွှေလီမြို့မှာ ရည်းစားကိစ္စနဲ့ မြန်မာနိုင်ငံသား အမျိုးသမီး ၂ဦးက အမျိုးသမီး ၁ဦးကို လမ်းမပေါ် ညလုံးပေါက် အပြင်းအထန်ရိုက်နှက်ထိုးကြိတ်ခဲ့

တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသား လူငယ်အရွယ် အမျိုးသမီးငယ် ၂ဦးက ရည်းစားကိစ္စနဲ့ပတ်သက်ပြီး အမျိုးသမီးငယ် ၁ဦးကို လမ်းမပေါ်မှာ ညလုံးပေါက် ပြင်းပြင်းထန်ထန်ရိုက်နှက်ထိုးကြိတ်ခဲ့တဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ယက်မှာ ပြန့်နှံ့ခဲ့ပါတယ်။