ကျံရ်ဇူန်လည် ဆငည်း 11၊ မာဝ်းႎံင်း
ဘိူန်းအယ် တောပ်ဘည်က္လာင်းတိုအီးအရာပ် ကဲဒါႈ အဒိူဝ် ကျံရ်ဇူန်လည် ဆငည်း 11 ခီညှာဇေဝ်း ကပံတ် 3 နြီဒိူန် တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဒေဲႈပျောႈဟာဝ်းဘျုင် ဒီဘိူန်းတံပ်ဆီုက်တအာင်းကဲတထိင်ခြဲ ခေဲင်ကီုင်းမာဝ်းႎံင်းနီန်အောႏ။
ကဲဒေဲႈပျောႈဟာဝ်းဘျုင်နီန် ခိင်အီတ်ဆငဲႈအီး ဂေါႇဘည်ဒီန် ညှံမ်နံပ်စိ ဘည်လယံမ်း လူလှဲဝ်ႏဟာဝ်းအ်ုန်အောႏ။
ကဲဒါႈ “ ကဲပျောႈဟာဝ်း 3 ပိုင်း။ အူပိုင်းကဲပျောႈ ပလူမ်အိူင်။ အူပိုင်းမိုႈ ကဲပျောႈ နှာရိူဝ်ႇကီုင်း ပဟိုတယ်ကောလိ။ အူပိုင်းညှံမ်နံပ်စိ ဒီမိုႈအ်ုန်။ ပ်ုန်ပျောႈကဲ အ်ုန်ဟံမ်းဒါင်း။ ပ်ုန်ပျောႈကဲ ပိုင်းရဘံန်ဒီန် ကံပ်ယိူဝ်းအယ်တိူရ်ႈငံရ်အ်ုန်”။
ဂေါႇဘျုင်ပ်ုန်ပျောႈကဲဒီန် တိုအီးအီႎဲႈဆီုက်ႎဲႈနာန်း ကဲအီအီတ်ပဟိုတယ်ကာလိဒီန် ဒီဘြေ့အ်ုန် ယံမ်း 1 အီး 3 အီးကတူႈဖေးဘာတ်ဟာဝ်းအောႏ။
ကနာည်နံင်နံပ်ဘည်မိုႈဘည်ဘာည်းအ်ုန် ကရီးကတီး ဖုင်ယဲဆျှိုည်ဖီမျေမာ် ဂီုည်ဆီုပ်တခေါရ်ဟာဝ်းဘိုးအောႏ။
ဂေါႇဘျုင်ပ်ုန်ပျောႈတံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဇူႈဒါကျံရ်ဇူန် ဆငည်း 24 ရောတ် အဒိူဝ် ကျံရ်ဇူန်လည် 11 နီန် ပဆဘော၊ နောင်ခေဝ်၊ မာဝ်းဝံင်း ကာည်း မိုဂူႈနီန် ဒီဘြေ့အ်ုန် တိုအီးအရာပ်ကဲယံမ်း 14 အီး 40 အီးကတူႈဖေးဘာတ်ဟာဝ်းအောႏ။
ကဝ်အီကပ္လါႇဘေဲႇဆဒါင် – လိုည်းပိုႈဆပေ
ဆဒါင်ဖုင်ယဲဆျှိုည်ဖီမျေဂဲနီန် အာဝ်ႎံန်းလိူည် ခေဲင် Facebook ကာည်း Website ဘိူန်းဘိုးဒီရ်ႈ၊ ဆဒံင်တငါဝ်း ခေဲင်ချှံန်နယ် ပ်ုန်ကိက်ပ္လေႈအူန်း ရခြူမ်ကဲနီန်အောႏ။