ရူပ်ရာင် – Local

ယာရူစိင်၊ ဇူလိုင် ၈ ရက်၊ လားရှိုး

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ရှိ ရွှေဆိုင် ၁ ဆိုင် ဓားပြတိုက်ခံရပြီး ငွေ သိန်း ၂၀၀ နဲ့ ရွှေ ၇၅ ကျပ်သားပါသွားခဲ့တယ်လို့ လားရှိုးမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်က လားရှိုးမြို့ ရပ်ကွက် ၉ မှာ ဘူတာသံလမ်းအနီးရှိ ရွှေဆိုင် ၁ ဆိုင်ကို လူတစ်စုက ဝင်ရောက်ဓားပြတိုက်ခဲ့ပါတယ်။

“ဓားပြတိုက်ခံရတာက ဘူတာနားလေးက ရွှေဆိုင်တစ်ဆိုင်ပေါ့။ ဆိုင်ဖွင့်ဖို့ လုပ်နေချိန်မှာ ကားအမဲနဲ့ စီးလားတဲ့ လူတစ်စုက ဓားပြတိုက်သွားတာ။ ဆိုင်ရှင်ရဲ့ ရွှေတွေပါသွားတာက နည်းတယ်။ အဓိကတော့ သူများရဲ့ အပ်ထည်တွေ ပိုပါသွားတာ။ အဲကြောင့် ရွှေက ၇၅ ကျပ်သားဖြစ်သွားတာ”

လားရှိုးမြို့ပေါ်ကို စစ်ကောင်စီပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်မှာ သူခိုး၊ ဓားပြနဲ့ မီးကြိုး သူခိုးတွေအပါအဝင် စစ်တပ်က ဖမ်းဆီးမိတာတွေ သိပ်မရှိဖူးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်ကလည်း လားရှိုးမြို့ ရပ်ကွက် ၄ ဆင်ဆွယ်လမ်း လမ်းသွယ် ၄ မှာ ကတ်ကြေးနဲ့ ခြိမ်းခြောက်ပြီး အမျိုးသမီးတစ်ဦးထံ ဖုန်းလုတဲ့ အမျိုးသားတစ်ဦးကို ဒေသခံတွေကဘဲ ဝိုင်းဝန်းပြီး ဖမ်းဆီးရမိထားခဲ့ပါတယ်။

ဇွန်လ ၁၇ ရက်ကလဲ လားရှိုးမြို့ ရပ်ကွက် ၃ မှာရှိတဲ့ အကင်စုံဆိုင်နားမှာ ဆိုင်ကယ်ခိုးတဲ့ အမျိုးသားတစ်ဦးကို ဒေသခံတွေက ထပ်မံဝိုင်းဝန်းဖမ်းဆီးရမိထားပါတယ်။

လားရှိုးမြို့ကို စစ်တပ်က ဝင်ရောက်ပြီးနောက် ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်ကနေ ဒီနေ့ ဇွန်လ ၁၂ ရက်အထိ ဓားပြတိုက်မှု၊ ဓားခုတ်မှုနဲ့ လုယက်မှု အကြိမ် ၃၀ ထက်မနည်း ဖြစ်ပွါးခဲ့ပြီ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။