ယာရူစိင်၊ ဇူလိုင် ၇ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ မီးကြိုးသူခိုး ၁ ဦးကို ဒေခံတွေ ကိုယ့်နည်းကိုယ့်ဟန် ဖမ်းဆီးရမိထားတယ်လို့ လားရှိုးမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇူလိုင် ၆ ရက်က လားရှိုးမြို့ ရပ်ကွက် ၄ မှာ လူမနေတဲ့ နေအိမ် ၁ အိမ်မှာ သွယ်တန်းထားတဲ့ မီးကြိုးတွေကို ခိုးယူတဲ့ သူခိုး ၁ ဦးကို ဖမ်းမိထားတာလို့ ဆိုပါတယ်။
“အဲတစ်ယောက်ပဲ ရပ်ကွက် ၅ မှာ မီးကြိုးခိုးတာ။ အရင်က မမိလို့။ ကျမ အိမ်ကဆိုရင် အခွေလိုက်အခိုးခံရတာ။ လားရှိုးမှာရှိတဲ့ နေအိမ်တွေ တော်တော်များများက အခိုးခံရတာ”
နေအိမ်တွေမှာ သွယ်တန်းထားတဲ့ မီးကြိုးတွေကို မကြာခဏ အခိုးခံရတာကြောင့် လားရှိုးမြို့ရှိ သက်ဆိုင်ဌာနတွေထံ တိုင်ကြားထားပေမဲ့ လက်ရှိအချိန်ထိ သက်ဆိုင်ရာဌာနက ဖမ်းဆီးအရေးယူတာ မရှိသေးဘူးလို့ အထက်ပါသတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်ကလည်း လားရှိုးမြို့ ရပ်ကွက် ၄ ဆင်ဆွယ်လမ်း လမ်းသွယ် ၄ မှာ ကတ်ကြေးနဲ့ ခြိမ်းခြောက်ပြီး အမျိုးသမီးတစ်ဦးထံ ဖုန်းလုတဲ့ အမျိုးသားတစ်ဦးကို ဒေသခံတွေကဘဲ ဝိုင်းဝန်းပြီး ဖမ်းဆီးရမိခဲ့ပါတယ်။
ဇွန်လ ၁၇ ရက်ကလဲ လားရှိုးမြို့ ရပ်ကွက် ၃ မှာရှိတဲ့ အကင်စုံဆိုင်နားမှာ ဆိုင်ကယ်ခိုးတဲ့ အမျိုးသားတစ်ဦးကို ဒေသခံတွေက ထပ်မံဝိုင်းဝန်းဖမ်းဆီးရမိထားပါတယ်။
လားရှိုးမြို့ကို စစ်တပ်က ဝင်ရောက်ပြီးနောက် ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်ကနေ ဒီနေ့ ဇွန်လ ၁၂ ရက်အထိ ဓားပြတိုက်မှု၊ ဓားခုတ်မှုနဲ့ လုယက်မှု ၂၉ ကြိမ်ထက်မနည်း ဖြစ်ပွါးခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။