ယာရူစိင်၊ ဇူလိုင် ၄ ရက်၊ သီပေါ

တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ ဇူလိုင် ၄ ရက် ည ၁၀ နာရီဝန်းကျင်မှာ သီပေါမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“သီပေါမြို့ရဲ့ ရဲစခန်းနားလေးမှာ တစ်လုံး လာချသွားတာ။ နောက်တစ်လုံးက ဆေးရုံနားလေးမှာ။ အခုတောင် တော်တော်ကြောက်နေရပြီ။ လာဝဲတာမျိုးတော့ မရှိဘူး။ တစ်ခါတည်း လာတာနဲ့ ဂျက်ဖိုက်တာနဲ့ လာချသွားတာ”

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထိခိုက် သေဆုံးမှုနဲ့ ပျက်စီးမှု အသေးစိတ်အခြေအနေနဲ့ ပတ်သက်ပြီး ရွှေဖီမြေက ထပ်မံ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

TNLA ထိန်းချုပ်တဲ့ ကျောက်မဲနဲ့မိုးကုတ်ကို စစ်ကောင်စီ ဗုံးကြဲ၊ ထိခိုက် သေဆုံးမှုရှိနေ

တအာင်းတပ်-PSLF/TNLA ထိန်းချုပ်တဲ့ ကျောက်မဲနဲ့မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

မိုင်းယော်မှာ အမျိုးသားဖြစ်သူက သူ့အမျိုးသမီးကို ဓားနဲ့ခုတ်ပြီး သူကိုယ်တိုင်လည်း မီးထဲခုန်ချခဲ့လို့ သေဆုံးသွား

ရှမ်းမြောက် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်မှာ အမျိုးသားတစ်ဦးက သူ့အမျိုးသမီးကို ဓားနဲ့ခုတ်ခဲ့ပြီး သူကိုယ်တိုင်လည်း မီးထဲသို့ခုန်ချခဲ့လို့ သေဆုံးသွားခဲ့ကြောင်း ဖြစ်စဉ်သိရသူရဲ့ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ TNLAတပ်တို့ အပစ်ရပ်သဘောတူ

တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်-TNLAတပ်တို့အကြား တရုတ်ရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် အပစ်ရပ်သဘောတူလက်မှတ်ရေးထိုးလိုက်ကြောင်း တအာင်းတပ်ဘက်က ဒီနေ့ အောက်တိုဘာ ၂၉ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

သိန္နီမြို့အဝင်က စိန်နဂါးပန့်ဆီဆိုင် မီးလောင်မှု ဖြစ်ပွား

ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့အဝင်က စိန်နဂါးပန့်ဆီဆိုင်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။