ယာရူစိင်၊ ဇူန်လည် ဆငည်း 4၊ လာဆေဝ်
ကဝ်အီယိူဝ်းဒေဲႈ ဘည်ရေဲန်ကဲအူအီး က္လာင်းတဖုင်ဆျှိုည်ဒါႈ ကပီုန်ဆျှံမ် ကဒါႇပိူည် နှာရိူဝ်ႇကီုင်းလာဆေဝ် – ဆဘောနီန် တံပ်အ်ုန်အီဂေါည် ရီမ်းပြောဘုရားရန်တိုင်းအောင် ပဂေတ် ခလရ 41 နီန် တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ရေဲန်ပ္လေႈအူန်း ဒီနံင်ပဴင် လာက်နာက်ဒါင်း 8 ပိုင်းအာဝ်ယောမ်။
အ်ုန်ဒါႈ ကဲရေဲန်အူန်းဒီနံင်ပဴင် ပ္လေလာက်နာက်ဒါင်းဒီန် ခည်ကျံရ်ဇူန်လည် ဆငည်း 2 ဒိူန် လာက်နာက်ပ်ုန်ရေဲန်ကဲ ပဂေတ် ခလရ 41 ဒီန်မာ် အ်ုန်ယီုဝ်လေႈလိူည် ကဒါႇဆဘောအောႏ။
“ နံင်လိုလိူည်ဒါႈ လာက်နာက်ဒါင်း။ အာဝ်မိုႈစိ ကဲရေဲန်ကပါ်ႇကပံန်အူန်း ပဂေတ် 41 ဒီန်။ အာမဒါင်းအ်ုန် ကဲယီုဝ်လေႈ လိူည်ကဒါႇဆဘော။ ဆေကဲ နံင်ရေဲန်စီညှံမ်နံပ်။ ခေဲင်တံပ်မာ် ရဲင်ဘ္လောမ်ကဲ ဟည်ဂီုန်းဒေဲႈလိူဝ်မှယ်အာည်ႇနီန် 2 ဆ”
ခည်ကျံရ်ဇူန် ဆငည်း 20 ဒိူန်မာ် တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ႎီရ်ကစုဟံပ်ဘိုးရဲင်ဘ္လောမ်ကဲ ကာည်း ဂြိုခြီုင်လာက်နာက်ကဲ တောပ်ပည် ကားအမျောက်ကဲနီန်ခေဲင်ကီုင်းလာဆေဝ်အောႏ။
တိုအီးကီုင်းလာဆေဝ်ကဲ အူအီးဟည်ဒါႈဘိုး “ ခေဲင်နှားနီန် အာဝ်ယိူဝ်းစိ ကဲႎီရ်ဟံပ်ရဲင်ဘ္လောမ်။ ခည်ကျံရ်ဇူန်ဒိူန်ဒီႈ ကဲဟံပ်အေ့ အူလိူ၀်ႈ ဒါပွံတ် ကား 20 ကြောင် 30 ကြောင်။ ခည်ကျံရ်ဇူန်ဒီန် ကဲဟံပ်ပွံတ်ရဲင်ဘ္လောမ် 1200 ”
တံပ်ကညာအာဏာဆီုက်ဇေဝ် ကနာည်နံင်ကပါ်ႇကပံန်ကဲတ လံပ်အူပ်ဘြောင်နီန် ခေဲင်ကီုင်းလာဆေဝ်နီန် ကဲလီပ်ဒေဲႈပွံတ် ခေဲင်ကီုင်း တောန်ဆငည်းအောႏ။
ဂေါႇပ်ုန်လီပ်ကဇောည်ဒဲႈခယ်ကဲ တံပ်ဆီုက်ကညာအာဏာဆီုက်ဇေဝ် ကာည်း တံပ် MNDAA ကဲ ဇံင်းဟာဝ်းဖါ်ႈ ဘည်ကတီုက်ကပဴင်နီန် တံပ်ကိုကာင်ကဲမာ် က္လိုတ်ႎီရ်ပွံတ် ဒါယကီုင်းလာဆေဝ် ခည်ကျံရ်အေပ်ြုရ် ဆငည်း 21 ဒိူန်အောႏ။
ကီုင်းလာဆေဝ်နီန်မိုႈ တံပ်လံပ်တီုက်ႎှီုန်းကဲ ကာည်း တံပ်ကိုကာင်ကဲ ဘိူန်းဒေတီုက်ဟာဝ်း ခည်ဆန်ုမ် 2024 ကျံရ်အောဂ်ုတ် ဆငည်း 3 ဒိူန် ဘံန်လှေင် 8 ကျံရ်နီန် စီႎီရ်အာပ်ဒဲႈလာ်ႈ ကီုင်းလာဆေဝ်နီန်တ တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲအောႏ။
ကဝ်အီကပ္လါႇဘေဲႇဆဒါင် – လိုည်းပိုႈဆပေ
ဆဒါင်ဖုင်ယဲဆျှိုည်ဖီမျေဂဲနီန် အာဝ်ႎံန်းလိူည် ခေဲင် Facebook ကာည်း Website ဘိူန်းဘိုးဒီရ်ႈ၊ ဆဒံင်တငါဝ်း ခေဲင်ချှံန်နယ် ပ်ုန်ကိက်ပ္လေႈအူန်း ရခြူမ်ကဲနီန်အောႏ။