ရွှေဖီမြေ၊ ဇူလိုင် ၂ ရက်၊ ကျောက်မဲ

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ ဇွန်လအထိ ၆ လအတွင်း ရှမ်းမြောက် ညီနောင်မဟာမိတ် ထိန်းချုပ်ဒေသက ကလေး ၄ ဦး အပါအဝင် အရပ်သား ၅၁ ဦး သေဆုံးခဲ့ပြီး ၉၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ရွှေဖီမြေက ရရှိထားတဲ့စာရင်းအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီကနေ ဇွန်လ အထိ ၆ လအတွင်း TNLA ထိန်းချုပ်ထားတဲ့ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲ၊ မိုင်းငေါ့၊ နမ္မတူ၊ မန်တုံ၊ ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ သိန္နီနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ထိန်းချုပ်ထားတဲ့ ၁၀၅ မိုင်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ အကြိမ် ၅၀ တိုက်ခိုက်ခဲ့တာကြောင့် ကလေး ၄ ဦး၊ အမျိုးသား ၂၅ ဦးနဲ့ အမျိုးသမီး ၂၂ ဦး သေဆုံးခဲ့ပြီး ကလေး ၂ ဦး၊ အမျိုးသား ၅၃ ဦး၊ အမျိုးသမီး ၂၄ ဦးနဲ့ ကျား၊ မ မသိရသူ ၁၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အမျိုးသား ၁ ဦး၊ အမျိုး ၁၂ ဦး၊ ဖေဖော်ဝါရီလမှာ ကလေး ၄ ဦး၊ အမျိုးသား ၉ ဦး၊ အမျိုးသမီး ၂ ဦး၊ မတ်လမှာ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၃ ဦး၊ ဧပြီလမှာ အမျိုးသား ၁ ဦး၊ မေလမှာ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးနဲ့ ဇွန်လမှာ အမျိုးသား ၁ ဦး၊ အမျိုး ၄ ဦး စုစုပေါင်း ကလေး ၄ ဦး၊ အမျိုးသား ၂၅ ဦးနဲ အမျိုးသမီး ၂၂ ဦး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အမျိုးသမီး ၃ ဦး၊ ဖေဖော်ဝါရီလမှာ ကလေး ၂ ဦး၊ အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၂ ဦး၊ ကျား၊ မ မသိရသူ ၁၃ ဦး၊ မတ်လမှာ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၃ ဦး၊ ဧပြီလမှာ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦး၊ မေလမှာ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၆ ဦးနဲ့ ​ဇွန်လမှာ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ကလေး ၂ ဦး၊ အမျိုးသား ၅၃ ဦး၊ အမျိုးသမီး ၂၄ ဦးနဲ့ ကျား၊ မ မသိရသူ ၁၃ ဦး ဒဏ်ရာရခဲ့ကြပါတယ်။

ဒီအချက်အလက်တွေဟာ ရွှေဖီမြေက လက်လှမ်းမှီသလောက် ကောက်ယူရရှိထားတဲ့ စာရင်းတွေသာဖြစ်ပြီး စာရင်းတွေဟာ ဒိထက်တိုးနိုင်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။