ဓာတ်ပုံ – CJ

မိုင်းရူပ၊ ဇွန်လ ၃၀ ရက်၊ နောင်ချို

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးအသုံးပြုပြီး ကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့ပါ ပစ်ခတ်နေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မနေ့ ဇွန်လ ၂၉ ရက် ည ၁၀ နာရီဝန်းကျင်မှာလည်း နောင်ချိုမြို့ စျေးရပ်ကွက်ထဲကို ဂျက်လေယာဥ်နဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် မနေ့ည ၁၁ နာရီဝန်းကျင်ကစပြီး နောင်ချိုမြို့ထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒီနေ့ ဇွန်လ ၃၀ ရက် မနက်ပိုင်းအထိ နောင်ချိုမြို့ထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ နောင်ချိုဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ည ၁၀ နာရီ ၂၂ မိနစ်မှာ ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ လာကြဲတယ်။ လူအထိအခိုက်တော့ မရှိဘူး။ နေအိမ်ပျက်တာတော့ ရှိတယ်။ ဟောင်ဝစ်ဇာနဲ့လည်း ဆက်တိုက်ပစ်နေတယ်။ ဒီနေ့ မနက်အထိပဲ” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ၎င်းတို့လက်လွှတ်ထားရတဲ့ နောင်ချိုမြို့ကို ပြန်ရဖို့ စစ်အင်အားထောင်နဲ့ချီ အသုံးပြုပြီး ထိုးစစ်တိုက်ခိုက်နေပြီး နောင်ချိုမြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ TNLA အကြား တိုက်ပွဲပြင်းထန်နေပါတယ်။

ဒီရက်ပိုင်းအတွင်း နောင်ချိုမြို့အနီးရှိ နောင်အောနဲ့ မြက်ချီးနုကျေးရွာတွေမှာ စစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

နောင်ချိုမြို့အနီးက တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဒါ့အပြင် တအာင်းတပ်ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ပေါ်ကိုလည်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေပြီး မနေ့ ဇွန်လ ၂၉ ရက်က ကျောက်မဲမြို့ပေါ် လေကြောင်းတိုက်ခိုက်မှုမှာ အရပ်သား ၅ ဦးထိ ခိုက်ဒဏ်ရာရခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။