ဓာတ်ပုံ – Local

ပို့လဘား၊ ဇွန်လ ၂၇ ရက်၊ မူဆယ်

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ လက်ကို သံကြိုးနဲ့တုတ်ပြီး စွန့်ပစ်ခဲ့တဲ့ အလောင်းတစ်လောင်းတွေ့ရှိခဲ့တယ်လို့ မူဆယ်မြို့မှာရှိတဲ့ လူမှုကူညီရေးအသင်းတစ်ခုထံက သိရပါတယ်။

မူဆယ်မြို့ ကောင်းမှုတုန်ရပ်ကွက် ဟိုနားနယ်မြေ ကွတ်ခိုင်တည်းခိုခန်းလမ်းအနီးမှာရှိတဲ့ အမှိုက်ပုံနေရာကို မနေ့ ဇွန်လ ၂၆ ရက် ည ၅ နာရီမှာ အလောင်းကို သွားရောက်သယ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

“အလောင်းကပုပ်ပွပြီး ယောကျာ်းလား၊မိန်းမလား‌တောင် မခွဲခြားနိုင်တော့ဘူး။ ကြည့်ရတာ သူတို့အိမ်မှာ အလောင်းကို သေချာလေး ထုတ်ပြီး ချောက်ထဲက အမှိုက်ပုံမှာ လာစွန့်ပစ်တဲ့သဘောရှိတယ်။ လက်ကိုလည်း သံကြိုးနဲ့ တုတ်ထားတာ”လို့ ဆိုပါတယ်။

ပိုင်ရှင်မဲ့အလောင်းကိုတော့ မူဆယ်မြို့မှာရှိတဲ့ လက်ဖက်ညွှန့်လူမှုကူညီရေးအသင်းနဲ့ မြင့်မြတ်ပါရမီလူမှုကူညီရေးအသင်းတို့က သွားရောက်ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်မှာလည်း မူဆယ်မြို့က နမ့်ပေါ်ချောင်းထဲမှာ ပုပ်ပွနေတဲ့ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်တွေလည်း ပေါင်းစုံရှိနေသလို မူးယစ်ဆေးဝါးတွေ အလွယ်ကူရနေတာကြောင့်နဲ့ လောင်းကစားဝိုင်းတွေ ပေါများတာကြောင့် ဓားပြတိုက်မှု၊ လုယက်မှုနဲ့ ရိုက်နှက်မှုတွေ မကြာခဏဖြစ်ပွားနေသလို ပိုင်ရှင်မဲ့အလောင်းတွေကိုလည်း မကြာခဏ တွေ့‌နေရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။