မိုင်းရူပ၊ ယာရူစိင်၊ ဇွန်လ ၂၅ ရက်၊ ကျောက်မဲ

သတင်းဓာတ်ပုံ

တအာင်းတပ်မတော်-PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ပေါ်ကို စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄ ဦးရဲ့ နာရေးကျင်းပနေတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။

သေဆုံးသူ ၄ ဦးကို လူမှုကူညီရေးအသင်းတွေက ဒီနေ့ ဇွန်လ ၂၅ ရက်နေ့လည်ပိုင်းမှာ မီးသဂြိုလ်ပေးခဲ့ပြီး သေဆုံးသူတွေထဲက ၂ ဦးဟာ ခန္ဓာကိုယ် အပိုင်းအစကို လိုက်ရှာဖွေကောက်ယူခဲ့ရတယ်လို့ လူမှုကူညီရေးအသင်းတွေက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဇွန်လ ၂၄ ရက် ညနေ ၅ နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လူနေထူထပ်တဲ့ ကျောက်မဲမြို့ပေါ် ရပ်ကွက်-၇ နဲ့ ရပ်ကွက်- ၃ ကို စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ ဗုံး ၂ ကြိမ်ကြဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စံပြထမင်းဆိုင်က သားအမိအပါအဝင် ရှမ်းမြောက် နောင်ချိုမြို့ဘက်ကနေ စစ်ရှောင်လာတဲ့ အမျိုးသမီး ၂ ဦးလည်း သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ဒဏ်ရာရသူ ၁၄ ဦးထက်မနည်းရှိခဲ့ပြီး ဆေးကုသမှုခံယူနေရပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ကျောက်မဲမြို့ပေါ်က လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တစုံတရာ တုန့်ပြန်ထားတာ မရှိသေးပါဘူး။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

သပိတ်ကျင်း ရှေ့တန်းစစ်မြေပြင်က မိုးကုတ်ဗျူဟာတပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကို ခုခံနေတဲ့ ရှေ့တန်းစစ်မြေပြင်တစ်နေရာက မိုးကုတ်ဗျူဟာတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေကို ရွှေဖီမြေက ဒီရက်ပိုင်းအတွင်း မှတ်တမ်းတင်ထားတဲ့ ​မြင်ကွင်းတွေ ဖြစ်ပါတယ်။

နောင်ပိန်ရွာမှာ စစ်ကောင်စီထိုးစစ်ကြောင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွါးနေဆဲ

စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် ပြီးခဲ့တဲ့ ဩဂုတ် ၁၉ရက်နေ့ကနေ စတင်ဖြစ်ပွါးနေတဲ့ ကျောက်မဲမြို့နယ် နောင်ပိန်ရွာ တိုက်ပွဲဟာ ဒီနေ့ ဩဂုတ် ၂၆ရက်အထိ အပြင်းအထန်ဖြစ်ပွါးနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ TNLA တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ တောင်းခမ်းစစ်မြေပြင် မြင်ကွင်း

စစ်ကောင်စီနဲ့ တအာင်းတပ်မတော်(PSLF/TNLA) တို့အကြား ၆လကျော်ကြာ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာအနီးရှိ ရှေ့တန်းစစ်မြေပြင်မှာ ရွှေဖီမြေက သွားရောက်မှတ်တမ်းတင်ထားတဲ့ ပုံရိပ်တွေ ဖြစ်ပါတယ်။

တပ်ဖွဲ့ဝင်သစ် ရာနဲ့ချီကို DPLA အခြေခံစစ်သင်တန်းပေးနေ

တအာင်းတပ်မတော်-TNLA နဲ့အတူ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်-DPLA/DPLF ရဲ့ စစ်သင်တန်းပေးနေတဲ့ ပုံရိပ်တွေဖြစ်ပါတယ်။