ဓာတ်ပုံ- Local (ပုံဟောင်း)

လွေးထွေး၊ ဇွန်လ ၂၃ ရက်၊ ပြင်ဦးလွင်

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှိ လူထုပိုင် ဆိုင်ခန်း ၅၀ ကျော်ကို စစ်ကောင်စီတပ်က ဖျက်ဆီးနေတယ်လို့ ဖြစ်စဉ်သိရှိတဲ့ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြင်ဦးလွင်မှာ ခေတ်အဆက်ဆက်က စစ်တပ်အရာရှိနဲ့ ၎င်းရဲ့အသိုင်းအဝိုင်းက လူထုတွေထံ ရောင်းချခဲ့တဲ့ ဆိုင်ခန်းပေါင်း ၅၄ ဆိုင်ကို ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်က စတင်ဖျက်ဆီးခဲ့တာဖြစ်ပြီး ဇွန်လကုန် အပြီးဖျက်သိမ်းဖို့ အမိန့်ပေးထားတယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်ကိုသိရှိသူ အမျိုးသားက “‌မီးရထား မြေပေါ်က ဆိုင်ခန်းတွေ အကုန်ဖယ်ခိုင်းတယ်။ ပြီးတော့ ဖျက်ဆီးတယ်ပေါ့။ မြန်မာ့မီးရထား အမှတ်(၃)က တာဝန်ရှိသူ အာကာမင်းသူ ဦးဆောင်အဖွဲ့က ဖျက်ခိုင်းနေတာပါ။ လူထုတွေကို လျော်ကြေးလည်း မပေးဘူး။ ဒီအတိုင်း ဖျက်တာ” လို့ ပြောပါတယ်။

ဆိုင်ခန်းတွေကို ပြင်ဦးလွင် မြန်မာ့မီးရထားပိုင် မြေပေါ်မှာ စစ်တပ်က လွန်ခဲ့တဲ့ နှစ် ၃၀ ဝန်းကျင်ကတည်းက ဆောက်လုပ်ပေးခဲ့ပြီး စစ်တပ်အရာရှိနဲ့ စစ်တပ်အသိုင်းအဝိုင်းတွေကို ပြန်ချပေးခဲ့ရာ နောက်ပိုင်းမှာတော့ အဆင့်ဆင့် ပြန်လည် ရောင်းချခဲ့တာကြောင့် လူထုတွေရဲ့လက်ထဲ ရောက်လာခဲ့တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

“တကယ်ဆိုရင် ဘာပြောပြော အခုချိန်မှာ လူထုအပိုင် ဖြစ်‌နေပြီလေ။ အခုမှ လာပြီး နိုင်ငံတော်ပိုင်တဲ့။ တကယ်ဆိုရင် အဆင့်ဆင့် ရောင်းကတည်းက တားရမှာလေ။ အဲအချိန်က မသိချင်ယောင်ဆောင်နေကြတာ”

ဒါ့အပြင် စစ်တပ်ဟာ ပြင်ဦးလွင်မြို့က မြေနေရာနဲ့ နေအိမ်အပြင် ဆောက်လက်စ အဆောက်အဦးရဲ့ အုတ်တံတိုင်းကိုလည်း အများပိုင် မြေနေရာမှာ ကျူးကျော်နေထိုင်ကာ ဆောက်လုပ်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မကြာခဏ ဖြိုချဖျက်ဆီးတာတွေ ပြုလုပ်နေပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၂ ရက်ကလည်း စစ်တပ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာတွေ လိုက်ပါပြီး ပြင်ဦးလွင်ရှိ ကုန်းဘောနဲ့ မဟာအောင်မြေရပ်ကွက်က လမ်းဘေးမီးတိုင်အပါအဝင် ခြံခတ်ထားတဲ့ အုတ်တံတိုင်း ၁၀ ခုကို မြေဂေါ်စက်နဲ့ လိုက်ဖျက်ခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။