(English below)

မန်လီကျေးရွာဟာ သီပေါမြို့နဲ့ နမ္မတူမြို့ကြားမှာရှိတဲ့ ကျေးရွာဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ သုံးကြိမ်မြောက် ‌ဗုံးကြဲတာ ခံခဲ့ရတဲ့ကျေးရွာ ဖြစ်ပါတယ်။

ပထမအကြိမ် ဗုံး လာကြဲချိန်ကတော့ လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းဆောင် ပြာကျအောင် ကြဲချတာ ခံခဲ့ရပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက်ကလည်း ဒုတိယအကြိမ် အဲဒီစာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကိုဘဲ လေကြောင်းကနေ လာရောက် ကြဲချခဲ့ပြန်ပါတယ်။

ကလေးတွေ စာသင်ကြားနိုင်ဖို့နဲ့ ဘုန်းကြီးတွေ သီတင်းသုံးနိုင်ဖို့အတွက် ပျက်စီးနေတဲ့ ကျောင်းဆောင်တွေကို ကျေးရွာခံတွေက စုပေါင်းပြီး ပြန်လည် ပြုပြင်ခဲ့တာပဲ ဖြစ်ပါတယ်။

ပြန်လည် ပြုပြင်ပြီးတာ မကြာသေးခင်မှာဘဲ ၂၀၂၅ ခုနှစ် ဇွန်လ ၁၂ ရက်‌ မနက်အ‌စောပိုင်း ၁ နာရီ ၁၅ မိနစ်မှာ လူတွေ အိပ်မောကျနေချိန် အဲဒီနေရာဟောင်းမှာဘဲ လေယာဉ်နဲ့ ပေါင် ၃၀၀ ဗုံး ထပ်မံ ကြဲချခဲ့ပြန်ပါတယ်။

Manli: The Village Ravaged by Junta Airstrikes

You are now seeing Manli village, situated between Hsipaw and Namtu Townships, it has been attacked by junta airstrikes for three times.

The first attack occurred on December 29, 2023, when bombs struck the village school and monastery, burning them down. For the second time, on January 10, 2024, the junta military launched another airstrike on the same school and monastery.

To ensure the children could attend school and the monks could stay at the monastery, village residents collaborated to rebuild and repair the damaged buildings themselves.

However, on June 12, 2025, at around 1:15 AM, just before their work was complete, a junta military fighter jet dropped 300 lb bombs on the same monastery and school again while the entire village slept.

You can read and listen to our Shwe Phee Myay’s reports, not only on Facebook and our Website, but also on the following channels:

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

အတူယှဉ်တွဲ နေထိုင်ရေးကို ဦးဆောင်နေတဲ့ အမျိုးသမီး ရွာသူကြီး

ဖိုဝါဒ ကြီးစိုးတဲ့ ဒီလို ကျေးလက်ဒေသမှာ အမျိုးသမီးတွေကို ရွာသူကြီးအဖြစ် ခန့်အပ်တာဟာ ရှားပါးတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။

ကိုယ်ဝန်သည်၊ ကလေးငယ်တွေအပါအဝင် အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက် ည ၈ နာရီဝန်းကျင်က စစ်ကောင်စီတပ်က ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အရပ်သား ထိခိုက်မှု အများဆုံး လေကြောင်းတိုက်ခိုက်မှုလို့ မြို့ခံတွေက ပြောပါတယ်။

စစ်ဒဏ် မိုင်းဒဏ် သင့်သူ အမျိုးသမီး

စစ်ကောင်စီတပ် ထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးလိုက်ရတဲ့ ဒေါ်မြအောင် ဖြစ်ပါတယ်။

ဆရာဆရာမ မရှိတာကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေရတဲ့ လီဆူကလေးငယ်တွေ

ဝေးလံခေါင်သီပြီး တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ တအာင်းဒေသ မန်တုံမြို့နယ် နမ့်ကျိုးကျေးရွာဟာ လီဆူတိုင်းရင်းသားတွေ နေထိုင်ပြီး အိမ်ခြေ ၃၀ ဝန်းကျင် ရှိပါတယ်။