ပုံစာ – ၂၀၂၅ ဇွန်လ ၁၆ ရက်မှာ စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့တို့ ဖမ်းဆီးရမိတဲ့ မူဆယ်က ကျားဖြန့်လုပ်ကိုင်သူတွေ

မိုင်းရူပ၊ နော်ဂျား၊ ဇွန်လ ၂၀ ရက်၊ မူဆယ်

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ စစ်ကောင်စီတပ်က ကျားဖြန်ရုံတွေကို လိုက်လံစီးနင်းပြီးနောက် ကျားဖြန်ရုံတွေက နေရာပြောင်းရွှေ့ပြီး လုပ်ကိုင်နေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်မှာ မူဆယ်မြို့ရှိ ကျားဖြန်ရုံတွေကို စစ်ကောင်စီတပ်က လိုက်လံစီးနင်းပြီးနောက် ကျားဖြန်ရုံတွေက အခုလို နေရာပြောင်းရွှေ့ပြီး လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

“စဖမ်းကတည်းက ရွေ့ကြတာ။ ရုံတွေမှာ မနေရဲကြတော့ဘူး။ တချို့က အိမ်တွေမှာ လိုက်နေတာရှိတယ်။ တချို့ ကျားဖြန်လုပ်တဲ့သူတွေက အိမ်ပြန်ကြတာရှိတယ်” လို့ မူဆယ်မြို့ရှိ ကျားဖြန်ရုံတစ်ခုမှ အလုပ်လုပ်ကိုင်နေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်မှာ မူဆယ်မြို့ စွမ်စော်နဲ့ ကောင်းမူတုံရပ်ကွက်ရှိ ကျားဖြန်ရုံကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၄၁ ဦးနဲ့ မြန်မာနိုင်ငံသား ၉၇ ဦးကို စုစုပေါင်း ၁၄၈ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

လက်ရှိ မူဆယ်မြို့မှာ ကျားဖြန်ရုံပေါင်း ၁၀၀ နီးပါးရှိပြီး စစ်ကောင်စီတပ်နဲ့ ၎င်းလက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့တွေ လိုက်လံဖမ်းဆီးခဲ့တဲ့ ကျားဖြန်ရုံတွေဟာ ၎င်းတို့ထံ လိုင်းကြေးမပေးဆောင်ပဲ ဖွင့်လှစ်နေတဲ့ရုံတွေ ဖြစ်တယ်လို့ မူဆယ်မြို့ရှိ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

“အခုက ရဲတွေတင် မဟုတ်ဘူး။ သူတို့ရဲ့ သတင်းပေးတွေကပါ လစဥ်ကြေး ရချင်နေကြတာ။ ရဲတွေက အကူညီတော့ မပေးဘူး။ ဒုက္ခတော့ ပေးတတ်ကြတယ်။ ဒါကြောင့် တောင်းသလောက်ပေးနေရတာ။ ရင်းနှီးပါတယ်ဆိုတဲ့ SB က ရဲမှူးဇော်မင်းလတ်ဆိုရင် ၂ ရက်လောက် နောက်ကျတာကို ဖမ်းလိုက်ရမလားဆိုပြီး မေးဖူးတယ်။ သူတို့မှာ လူရင်းဆိုတာ မရှိဘူး။ ငွေရှိမှ ပေါင်းကြတာ” လို့ ကျားဖြန့်ရုံနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မူဆယ်မြို့မှာ အွန်လိုင်းငွေလိမ်ဂိုဏ်းလုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် မြန်မာနိုင်ငံသား ၅ သောင်းနီးပါးလည်း ပါဝင်လုပ်ကိုင်နေကြတယ်လို့ မူဆယ်မြို့မ ရဲစခန်းရှိ ရဲဝန်ထမ်းတစ်ဦးက ရွှေဖီမြေကို ပြောဆိုထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။