ယာရူစိင်၊ ဇွန်လ ၂၀ ရက်၊ လားရှိုး

စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ လိုင်စင်မဲ့ ကားတွေကို ရှောင်တခင် ဖမ်းဆီးနေတာတွေ ရှိနေတယ်လို့ လားရှိုးမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမြို့အထွက် နမ္မတူလမ်းခွဲမှာ လိုင်စင်မဲ့ ကားတွေကို စစ်တပ်က ဖမ်းဆီးပြီး ပြန်ရွေးခွင့် မပေးလို့ ဒေသခံတွေ အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။

“ကံမကောင်းတဲ့လူဆိုရင်တော့ အဖမ်းခံရတယ်ပေါ့။ နမ္မတူလမ်းခွဲနားမှာ ဖမ်းတာတွေ့တယ်။ သူတို့က ဖမ်းချင်တဲ့စိတ်ပါမှ ဖမ်းတာပါ။ သူတို့စိတ်မပါရင် မဖမ်းဘူးနော်။ ပြန်ရွေးခွင့် မပေးဘူးလို့ ပြောတယ်။ အဲလိုကျ အဆင်မပြေဘူးလေနော်။ ဘာဆက်ဖြစ်မလဲ မသိတော့ဘူး” လို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။

လားရှိုးမြို့ထဲရှိ အဓိက လမ်းမတွေမှာ လိုင်စင်မဲ့ ကားတွေကို စစ်တပ်က ရှောင်တခင်အနေနဲ့သာ ဖမ်းဆီးနေတာ ဖြစ်တယ်လို့ နောက်ထပ် လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။

“အစုလိုက် မဖမ်းတာဘဲ ရှိတာ။ သတင်းတွေ ပွလာမှာဆိုးလို့ပေါ့။ သူတို့ မထင်ရင် မထင်သလို ထလုပ်လို့ရတယ်ဆိုတဲ့ပုံစံမျိုးပေါ့။ ဆိုင်ကယ် ဖမ်းတာတော့ မတွေ့ရသေးဘူး”

တန့်ယန်းမြို့မှာလည်း စစ်တပ်က လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်ကို ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်မှာ စတင်ဖမ်းဆီးနေကြောင်း ဒေသခံတွေက ရွှေဖီမြေကို ပြောဆိုထားပါတယ်။

မေလ နောက်ဆုံးအပတ်ကစပြီး ရှမ်းတောင် တောင်ကြီး၊ အောင်ပန်း၊ ပင်းတယနဲ့ ဆီဆိုင်မြို့မှာလည်း လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်ကို စစ်ကောင်စီက ဆက်တိုက် ဖမ်းဆီးမှု ပြုလုပ်နေပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။