ရူပ်ရာင် – Telegram

မာည်းရူပ၊ ကျံရ်ဇူန် ဆငည်း 19၊ နော်င်ခေဝ်

ကဲအီနံပ်ဘည်မိုႈဘည်ဘာည်းကဲနီန် က္လာင်းတဆျှိုည်ဖီမျေဒါႈ တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဒါကားဆီုက် 20ကြောင် ယိူဝ်ႇကဒါႇပြင်ဉီးလွင် ဒေဲႈပနိုက်ရဲင်ဘ္လောမကဲ ကဒါႇရဝ်အုမ္မတီး လှံင်နော်င်ခေဝ် ကပီုန်ဆျှံမ်ကဒါႇပိူည်နီန်အောႏ။

ဘံန်ဟောည်ႇပနိုက် တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ တရဲင်ဘ္လောမ် ယိူဝ်ႇကဒါႇပြင်ဉီးလွင် ရောတ်ကဒါႇရဝ်အုမ္မတီးနီန် ခေဲင်ကျံရ်ဇူန် နှားအာရ်ဒိူန် ဇူႈပွံတ်ကျံရ်ဇူန် ဆငည်း 15 ကဲဟည်ထိုးလီပ်ဖါ်ႈ ခေဲင်တံပ် တံပ်ဆီုက်တအာင်း – TNLA ကဲ ဂီုည်ပဲန်ရဲင်ပ္လေါည်ကတီုက်ကပဴင် တောန်ဆငည်းအောႏ။

ကဝ်အီဂေါည်ခေဲင်ပ္လေါည်ကတီုက်ကပဴင်နီန်အူအီး က္လာင်းတဆျှိုည်ဖီမျေဒါႈ “ကားဟိုက်ဒေဲႈ ယိူဝ်ႇကဒါႇ ပြင်ဉီးလွင်နီန် နံင်ဂေါည် 20ကြောင်။ ရဲင်ဘ္လောမ်ဆီုက် နံင်ဂေါည်ကပံတ် 400အီး။ ဘံန်ဟောည်ႇပနိုက်ရဲင်ဘ္လောမ် ပ္လေါည်ကတီုက်ကပဴင် ပအုမ္မတီးမာ် ဟည်ရဲင်ဒေဲႈ။ နှေရ်ပွံတ်ပဲန်တောန်ဆငည်း”

ဆီုက်တံပ်ကညာအာဏာဆီုက်ဇေဝ် ကဲအီရောတ်ကဒါႇရဝ်ကံကြီးဒိူန် ကဲဟည်ရောတ်ဒေဲႈ ဘံင်ရဝ်ရွှေညောင်ပင် ဘိုန်းရဝ်ကံကြီးနီန် ခည်ကျံရ်ဇူန် ဆငည်း 18 ကဒည်ဆိူမ် ကပံတ် 12နြီဒိူန် ယာန်ပ်ုရ်ဂျက် ဒေဲႈပျောႈဟာဝ်း ပ္လေခေဲင်ရဝ်ကံကြီးဒီန် 4လိူဝ်ႈအောႏ။

“တံပ်ကညာအာဏာဆီုက်ကဲအီဂေါည် ကဒါႇကံကြီးဒိူန် ဟည်ရောတ်ဒေဲႈ ဘံင်ရွှေညောင်ပင်၊ သရက်ကုန်းနီန်ယာ့်။ ကဒါႇ TNLA ကဲမာ် ဆီုက်ဂီုည်ထိင်အူန်း။ ကနာည်နှာင်း တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ အာဝ်ရောတ်ဒေဲႈခေဲင်နော်င်ခေဝ် ကဒါႇ TNLA ကဲ ဂီုည်ရီန်းရဲတ်ဒေထိင်အူန်းအောႏ။”

ဘိူန်းအယ်နံပ် ရဝ်ရွှေညောင်ပင် ဒီရောတ်ဒေဲႈတံပ်ကညာအာဏာဆီုက်ဇေဝ်ကဲနီန် အ်ုန်ဟည်ကဒိုင်းလိူည် တောပ်ကီုင်းနော်င်ခေဝ် အ်ုန်အီမိုႈဒီပ်ုန်ထိင်ခြဲအူန်း TNLA ကဲနီန် 5မဲင်ႏအောႏ။

တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲနီန် ဂီုည်ဒါရဲင်ဘ္လောမ်ပေန်ဟြဲင် ထိုးလီပ် ကဒါႇရဝ်တော်င်ခံမ်းကာည်း ရဝ်အုမ္မတီး ကနာည်နံင်ႎီရ်ဘိူန်း ကီုင်းနော်င်ခေဝ် အ်ုန်အီမိုႈကီုင်းပ်ုန်ချှူမ်အူန်းကဲနီန်အောႏ။

ဆာ်မိုႈလိုည်းယေအူး အ်ုန်အီမိုႈအီမိူဝ်ႈ အခွါင်းအရေးကြောႈက္လာင်း ခေဲင် PSLF/TNLA နီန် က္လာင်းတပ္လေါည်ကဘ္လာင်းဆဒါင် ပ်ုန်ရေဲန်ဒေဲႈကဲ ခည်ကျံရ်ဇူန် ဆငည်း 5ဒိူန်ဒါႈ ဂေါႇမိုႈပကီုင်းနော်င်ခေဝ်နီန် ပဲန်ပ္လေါည်ကတီုက်ကပဴင် စီပဲန်ကဆီုဝ်ကူန်ရဝ်မာဂါင်ကဲ လိုအူန်းဆဒိနှဲန်နှဲန် ကနာည်လံပ်ကတ်ုမ်အောႏ။

ကီုင်းနော်င်ခေဝ်နီန် အ်ုန်မိုႈပ်ုန်တီုက်ဘိူန်း TNLA ကဲကာည်း တံပ်ကပိုမ်ကဲ ခည်ဆန်ုမ် 2024 ခေဲင်ကျံရ်ဇူန်လည်ဒိူန်အောႏ။

ကဝ်အီကပ္လါႇဘေဲႇဆဒါင် – Lway N Tra

ဆဒါင်ဆျှိုည်ဖီမျေဂဲနီန် အာဝ်ဝံန်း ခေဲင် Facebook ကာည်း Website ဘိူန်းဘိုးဒီရ်ႈ၊ ဆဒံင်တငါဝ်း ခေဲင် ချှံန်နယ် ပ်ုန်ကိက်ပ္လေႈ ရခြူမ်နီန်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ခေဲင်ကီုင်းမာဝ်းဝံင်းနီန် တံပ်ဆီုက်ကညာအာဏာဆီုက်ဇေဝ်ကဲ ဂီုည်ပဲန်ကရဲင်ပ္လေါည်ကတီုက်ကပဲင်

ဘိူန်းအယ်နံပ် ဒီထိုးဟာဝ်း တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ခေဲင်ကီုင်းမာဝ်း ရီမ်းပြောခိုမုန်နီန် တံပ်ကညာအာဏာဆီုက်ဇေဝ် ကာည်း တံပ်ဆီုက်တအာင်း TNLA ကဲပဲန်ကရဲင်ဖါ်ႈ ပ္လေါည်ကတီုက်ကပဴင်နီန် ခေဲင်ကီုင်းမာဝ်းႎံင်းဒီ‌ေပန်ခ္လနီန် ဂီုည်မိုႈလိူည် TNLA ကဲ ထိင်ခြဲအောႏ။

တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ပျောႈဟာဝ်းဘျုင်တောပ်ကော်င် ခေဲင်ရဝ်လုံဝယ် တိုက်ဟာဝ်းဘိုးဂါင်ဂေါည်

တံပ်ဆီုက်တအာင်း TNLA ကဲ ပ္လိူရ်ႈလေႈဒါႈ ဒီပဲန်ကရဲင် ပ္လေါည်ကတီုက်ကပဴင် ခေဲင်လှံင်မာဝ်းႎံင်းနီန် တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဒါယာန်ပ်ုရ်ပျောႈဟာဝ်းဘျုင် 30 ပိုင်း ကာည်း ဘျုင်တောပ်ကော်င် 3 ပိုင်းအောႏ။

ဒီခေဲင်ကီုင်းသပိတ်ကျင်းနီန် ကဒါႇဂီုန်း တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဟည်ႎီရ်ဘိူန်းဒေ ထိင်ခြဲ

ကဲအီဂေါည်ခေဲင်ပ္လေါည်ကတီုက်ကပဴင်ကဲနီန် က္လာင်းတဆျှိုည်ဖီမျေဒါႈ ဒီကီုင်းသပိတ်ကျင်း ကပီုန်ဒါင်းမာန်းတလေး အ်ုန်အီမိုႈဒီပ်ုန်ထိင်ခြဲအူန်း တံပ်လံပ်တီုက်ႎှီုန်းကဲနီန် ကဒါႇဂီုန်း တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ဟည်ႎီရ်ဘိူန်းဒေ ထိင်ခြဲအူန်း ခည်ကျံရ်ဇူန်လည် ဆငည်း 22ဒိူန်အောႏ။

ဂေါႇမိုႈကဝ်အီဇိူရ်ႈကားနီန် ဒါဘိုတ်ဘြူႈ ကောန်အီမာည်း 2အီး ဂါရ်အီကဇိူရ်ႈကယံင်းကား ပတော်င်စီး စီပဲန် 1အီးယံမ်းဖါ်ႈ ဘာတ်အူအီး

ဂေါႇမိုႈကဝ်အီဇိူရ်ႈကားနီန် ဒါဘိုတ်ဘြူႈ ဂါရ်ႎါႎည်း 2အီး အီကဇိူရ်ႈကယံင်းကား ပကီုင်းအေးသာယာ လှံင်တော်င်စီး ကပီုန်ဆျှံမ်ကဒါႇက်ြုမ် အ်ုန်အီမိုႈ ဒီပ်ုန်ထိင်ခြဲအူန်း တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲနီန် စီပဲန် ကဝ်အီမိုႈႎါးအ်ုန် ယံမ်းဖါ်ႈ ကဝ်အီမိုႈႎည်းစီ ကတူႈဟာဝ်းဖေးဆဲဝ်အောႏ။