မိုင်းပန်ပျော်၊ ဇွန်လ ၁၆ ရက်၊ နမ္မတူ
နမ္မတူမြို့မှာ ပြောင်းဖူးမျိုးစေ့ ဈေးမြင့်တက်လာတာကြောင့် ပြောင်းစိုက်တောင်သူတွေ အခက်အခဲကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ပြောင်းဖူးမျိုးစေ့ တစ်ထုပ်ကို ၈ သောင်း ၁ သိန်းဝန်းကျင်သာ ရှိပေမဲ့ ဒီနှစ်မှာတော့ ပြောင်းဖူးမျိုးစေ့တစ်အိတ်ကို ၂ သိန်းကျော်အထိ ဈေးတက်နေတာကြောင့် ပြောင်းစိုက်တောင်သူတွေ အခက်အခဲကြုံတွေ့နေရတယ်လို့ ပြောင်းစိုက်တောင်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ဒီနှစ်က ပြောင်းဖူးမျိုးစေ့ ဈေးတအားတက်တာရော တစ်ထုပ်ကို ၂ သိန်း ကျော်တယ်။ အဲလောက်ကျတော့မဝယ်နိုင်တော့ဘူးလေ။ အရင်က ၈ သောင်းဝန်းကျင်လောက်ပဲရှိတာ။ မျိုးစေ့က ဈေးတအားကြီးတော့ ဘယ်လိုလုပ်စိုက်မှာလဲ။ အကြွေးယူပြီး စိုက်ရင်လဲ ပြောင်းဖူးဈေးကျလို့ ရောင်းမရရင် အကြွေးပဲဖြစ်မှာလေ”
အလားတူ ပြောင်းဖူးစိုက်ဖို့ လိုအပ်တဲ့ ပုလဲ ဖြန်းဆေး၊ မြေဩဇာတွေလည်း ပြောင်းဖူးမျို့စေ့နဲ့ နည်းတူဈေးမြင့်တက်လာတယ်လို့ ၎င်းကဆက်ပြောပါတယ်။
နမ္မတူမြို့မှာ တချို့ပြောင်းစိုက်တောင်သူတွေ ပြောင်းဖူးကို မစိုက်ပဲ တောင်ယာနဲ့ တစ်ခြားလုပ်ငန်းတွေကိုပဲ ပြောင်းလုပ်နေကြရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။