ဓာတ်ပုံ – CJ

နော်ဂျား၊ ဇွန်လ ၁၆ ရက်၊ မူဆယ်

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က လောင်းကစားရုံတစ်ခုမှာ ရိုက်နှက်နှိပ်စက်ခံရလို့ ထွက်ပြေးလာတဲ့ မိန်းကလေးငယ်နှစ်ဦးဟာ မူဆယ်မြို့မရဲစခန်းကို သွားရောက်အကူအညီတောင်းခံခဲ့ပေမဲ့ ကူညီပေးတာမရှိဘူးလို့ မိန်းကလေးငယ်နှစ်ဦးက ပြောပါတယ်။

မူဆယ်မြို့ ဆင်ဖြူဂိတ်အနီးရှိ ပြည်သူ့စစ်ပိုင် လောင်းကစားရုံမှာ ဖဲဝေတဲ့အလုပ် လုပ်ကိုင်နေတဲ့ မိန်းကလေး (၂) ဦးက ရိုက်နှက်နှိပ်စက်ခံရတာကြောင့် ပြီးခဲ့တဲ့ ဇွန်လ (၉) ရက် နေ့လည်ပိုင်းမှာ မူဆယ်မြို့မရဲစခန်းထံကို သွားရောက် အကူအညီတောင်းခံခဲ့တာ ဖြစ်ပါတယ်။

“ရဲတွေက ဘာအကူအညီမှ မပေးဘူး။ အမှုဖွင့်ပြီးတော့ သမီးတို့က ရဲတွေကို ပြောတယ်။ သမီးတို့ မပြန်ရဲဘူး။ ကူညီပေးပါဦးဆိုတော့ အနားမှာရှိတဲ့ (တာဝန်မှူး) ရဲတစ်ယောက်က ဒီမှာ မိန်းကလေးတွေ နေလို့မရဘူး။ တည်းခိုခန်း သွားနေလို့ ပြောတယ်။ သမီးတို့ရဲ့ မှတ်ပုံတင်ကို သိမ်းထားလို့ တည်းခိုခန်းတည်းဖို့ ပြန်တောင်းပေးပါလို့ ပြောတာကို အမှုပြီးမှ စခန်းမှာ လာထုတ်တဲ့။ တကယ့်ကို အကြင်နာတရားမရှိတဲ့ ရဲတွေ။ အမှုဖွင့်တယ်သာ ပြောတယ်။ ခုထိ ဘာမှလည်း မဆက်သွယ်ဘူး”ဆိုပြီး ကာယကံရှင်မိန်းကလေးကငယ်က ရွှေဖီမြေကို ပြောပါတယ်။

အဲဒီအမျိုးငယ်တွေဟာ နေ့ရောညပါ အလုပ်ဆင်းနေရတာကြောင့် အလုပ်ထွက်ဖို့ ပြောဆိုရာကနေ သူဌေးနဲ့ မန်နေဂျာတို့ရဲ့ ရိုက်နှက်နှိပ်စက်တာ ခံရတာဖြစ်ပြီး အခုလို ရဲစခန်းထံသို့ သွားရောက်အကူအညီ တောင်းခံရတာလို့ ဆိုပါတယ်။

“အရင်တုန်းက ကူညီပါရစေဆိုပြီး ဆိုင်းဘုတ်တင်ထားတာတောင် ဘာအကူညီမှ မရတာ။ အခု အဲဆိုင်းဘုတ်ဖြုတ်လိုက်တော့။ ရဲက ပြည်သူကို ကူညီရမယ်ဆိုတာ မေ့သွားလို့ ထင်တယ်။ ဘာအကူညီမှ မပေးတော့ဘူး။ သူတို့က လစာအလကားယူပြီး လိုင်းကြေးကောက်စားရမယ်ပဲ ထင်နေကြတာ။ ရဲက ရဲနဲ့မတူတော့ဘူး”ဆိုပြီး အထက်ပါ မိန်းကလေးငယ်က ဆက်ပြောပါတယ်။

လက်ရှိ အခင်းဖြစ်ပွားရာ ဖဲရှိုးရုံဟာ နမ့်ခမ်းမြို့မပြည်သူ့စစ်ရဲ့ (နာယက) ရဲ့ သားက တာဝန်ယူထားတဲ့ လောင်းကစားရုံဖြစ်ကြောင်း လိုင်းကြေးကောက်ခံတဲ့ စာရင်းတွေအရ သိရပါတယ်။

အလုပ်အကိုင်ရှားပါးမှုတွေကြောင့် အနယ်နယ်အရပ်ရပ်က မိန်းကလေးငယ်တွေဟာ မူဆယ်ရှိ ဖဲရုံနဲ့ ဂိမ်းရုံတွေမှာ လာရောက်အလုပ်လုပ်ကိုင်ကြပြီး အခုလို ပုံစံမျိုး မကြာခဏကြုံတွေ့ရသလို တချို့လည်း တရုတ်မယားအဖြစ် ရောင်းစားခံရပြီး တချို့လည်း ပြည့်တန်ဆာအဖြစ် ရောင်းစားခံရတာမျိုးလည်း ရှိကြောင်း သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။