ဓာတ်ပုံ – Local

ရဲမာန်၊ ဇွန်လ ၁၁ ရက်၊ ရွာငံ

ပြည်သူ့များတပ်ဖွဲ့(P.S.F) တာ၀န်ခံ ဗိုလ်မီးခဲ လုပ်ကြံခံရပြီး သေဆုံးသွားခဲ့ကြောင်း ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်(DSNDA)က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့မှာ ဗိုလ်မီးခဲက ဖျားနာနေတဲ့ တော်လှန်ရေးရဲဘော်ကို သွားကြိုရင်း ည ၁၂နာရီ၀န်းကျင်ခန့် ရွာငံတစ်နေရာမှာ ဓားနဲ့လုပ်ကြံခံရတယ်လို့ (DSNDA)တာ၀န်ခံက ရွှေဖီမြေကို ပြောပါတယ်။

“အခြားရဲဘော်တွေပါ‌ပေမဲ့ ဆိုင်ကယ်ပျက်တော့ လူက ရှေ့နောက် အရမ်းကွာသွားတဲ့အချိန်မှာ ဖြစ်သွားတာပါ”လို့ (DSNDA)တာ၀န်ခံက ပြောပါတယ်။

ဗိုလ်မီးခဲ(PS-1001)က ပြည်သူ့သားများတပ်ဖွဲ့ရဲ့ တာ၀န်ခံတစ်ဦးဖြစ်ပြီး တာ၀န်ထမ်းဆောင်နေတဲ့ ကာလအတွင်းမှာ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် တာ၀န်ထမ်းဆောင်သူ ဖြစ်တယ်လို့ (P.S.F)ကလည်း ထုတ်ပြန်ထားပါတယ်။

“‌ပြောမပြတက်‌လောက်အောင်ပါဘဲဗျာ။ တော်လှန်ရေးအတွက်တော့ သူ့လို ခေါင်းဆောင်တစ်ယောက် ပြန်ရဖို့ မလွယ်တဲ့အတွက် ကြီးမားတဲ့ ဆုံးရှုံးမူ တစ်ခုပါဘဲ”လို့ ၎င်းကဆက်ပြောတယ်။

ပြည်သူ့များတပ်ဖွဲ့(P.S.F)ဟာ DSNDA နဲ့အတူ အခြေခံစစ်သင်တန်းအပတ်စဉ် ၁ ကို ပြီးခဲ့တဲ့ မတ်လအတွင်း ရှမ်းတောင် ရွာငံမြို့နယ်ထဲမှာ ပြုလုပ်ခဲ့ပြီး ရွာငံထဲမှာ စစ်ရေးလှုပ်ရှားနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။