ဓာတ်ပုံ – ယောအလင်းတန်း

‎ခိုင်လေး၊ ဇွန်လ ၆ ရက်၊ မကွေး

‎မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ဆောမြို့နယ် ညောင်ကန်ရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

‎မေလ ၄ ရက် နေ့လယ် ၂ နာရီ ဝန်းကျင်မှာ မိထ္ထီလာ ရှမ်းတဲလေတပ်ကနေ Mig-29 ဂျက်ဖိုက်တာတစ်စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ဒေသခံ အမျိုးသား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ယောအလင်းတန်းက ကိုအောင်ကြီးက ရွှေဖီမြေကို ပြောပါတယ်။

‎”ပြည်သူနေအိမ်နားကို ကျတာပါဗျ။ အိမ်ကတော့ တစ်အိမ်ပဲ ပျက်စီးတာပါ။ (၃) ယောက်သေဆုံး။ အသက် (၄၀) ၀န်းကျင် သက်လတ်ပိုင်း အမျိုးသား (၂) ဦး၊ အသက် (၃၀) အရွယ် အမျိုးသား (၁) ဦးပါဗျ။ (၆)‌ ဦးဒဏ်ရာရပါတယ်ဗျ”

‎ပြီးခဲ့တဲ့ မေလ ၁ လ အတွင်း စစ်ကောင်စီတပ်က ဂန့်ဂေါခရိုင် (ယောဒေသ) ထဲက မြို့နယ် ၃ ခုဖြစ်တဲ့ ဂန့်ဂေါ၊ ထီးလင်း၊ ဆော စတဲ့မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု ၂၆ ကြိမ် ပြုလုပ်ခဲ့တာကြောင့် ဒေသခံ ၅ ဦး ထက်မနည်း သေဆုံးခဲ့ရပြီး ဒေသခံတချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

‎စစ်ကောင်စီတပ်ဟာ အဆိုပါ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ယောနယ်တစ်ဝိုက်ကို မကြာခဏဆိုသလို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လေ့ရှိတာကြောင့် မိဘပြည်သူတွေ အနေနဲ့ အစစအရာရာ အထူးဂရုစိုက်ကြဖို့နဲ့ လေကြောင်းဒဏ် ခံနိုင်မယ့် ကတုတ်ကျင်းတွေကို မဖြစ်မနေ ပြုလုပ်ထားကြဖို့ကို တော်လှန်ရေးမှ တာဝန်ရှိသူတွေက အသိပေး တိုက်တွန်းထားတာတွေ ရှိပါတယ်။

‎ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။