ဓာတ်ပုံ- CJ

မိုင်းရူပ၊ ဇွန်လ ၅ ရက်၊ နောင်ချို

နောင်ချိုမြို့အနီး ရောက်ရှိလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ တအာင်းတပ်မတော်- TNLA ရဲ့ တပ်စခန်းကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ဒီနေ့ ဇွန်လ ၅ ရက်မှာ ကံကြီးရွာထဲ တိုက်ပွဲ ပြင်းထန်နေပါတယ်။

စစ်တပ်ဟာ ရွှေမုဌောရွာကနေ နောင်ချိုမြို့ထဲ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး မနေ့ ဇွန်လ ၄ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် နောင်ချိုမြို့ ဈေးရပ်ကွက်ရှိ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

တိုက်ပွဲဟာ နောင်ချိုမြို့အနီး ရောက်လာတာကြောင့် နောင်ချိုမြို့ခံနဲ့ နောင်ချိုမြို့အနီးရှိ ကံကြီး၊ ရွှေမုဌော၊ ရှောက်ခြုံနဲ့ နောင်လိတ် စတဲ့ကျေးရွာက ဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ နောင်ချိုဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“စစ်ကောင်စီက ဆက်တိုက် ထိုးနေတာ။ ဒီနေ့လည်း ကံကြီးရွာထဲမှာ တိုက်ပွဲ ပြင်းထန်နေတယ်။ နောင်ချိုဒေသခံတွေက ကျောက်မဲဘက် ရှောင်တာ ရှိတယ်။ တချို့က နီးစပ်ရာ တိမ်းရှောင်ကြတယ်”

ဒဏ်ရာရတဲ့ ဒေသခံတွေဟာ ဦးမြင့်အောင်၊ ဒေါ်ထွေး၊ ဦးကျော်ဝင်းနဲ့ ဒေါ်မူမူအောင်ဖြစ်ပြီး စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ကံကြီးရွာဟာ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နဲ့ ၇ မိုင်ဝန်းကျင်လောက်သာ ကွာဝေးတော့တယ်လို့ သိရပါတယ်။

စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ ရှောက်ခြုံ၊ ရေဖြူနဲ့ ကံကြီးရွာရှိ TNLA တပ်စခန်းတွေကို မနေ့ ဇွန်လ ၃ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။

စစ်တပ်ဟာ ၎င်းတို့ လက်လွှတ်ထားရတဲ့ နောင်ချိုမြို့ကို ပြန်ရဖို့ တောင်းခမ်းနဲ့ အုမ္မတီးရွာဘက်ကနေ ထိုးစစ်ဆင် တိုက်ခိုက်နေဖြစ်ပြီး TNLA တပ်ဘက်ကလည်း ဆက်လက် ခုခံနေဆဲ ဖြစ်ပါတယ်။

နောင်ချိုမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လထဲ TNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။