ရူပ်ရာင် – Telegram

မိုင်းရူပ၊ ဇွန်လ ၅ ရက်၊ လားရှိုး

စစ်ကောင်စီတပ် ပြန်အုပ်ချုပ်နေတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ အခြေခံပညာသင်ကျောင်းတွေ စတင်ဖွင့်လှစ်ခဲ့ပြီး လုံခြုံရေး စိုးရိမ်ချက်ကြောင့် ကျောင်းတက်တဲ့ ကလေးဦးရေ လျော့ကျနေတယ်လို့ လားရှိုးမြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမြို့ပေါ်ရှိ ကျောင်းအားလုံးနီးပါးကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်မှာ ဖွင့်လှစ်ခဲ့ရာ ကျောင်း လာတက်တဲ့ ကျောင်းသားကျောင်းသူ အရင်ကထက် လျော့နည်းလာတာ တွေ့ရတယ်လို့ ကျောင်းသားမိဘတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“တနင်္လာနေ့က စဖွင့်ပါပြီ။ အရင်ကလို မများပါဘူး။ အထက ၉ မှာဆို အရင်ရဲ့ ထက်ဝက်ကျော်ယုံလေးတင်ပဲ ရှိပါတယ်။ အဓိက စိုးရိမ်တာတော့ တိုက်ပွဲ ဖြစ်လာရင် ရှော့တိုက်ဒုံးတို့ လေကြောင်း စိုးရိမ်မိပါတယ်”

စစ်ကောင်စီရဲ့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ရဲ့ စာရင်းအရ လားရှိုးမြို့နယ်ထဲ စာသင်ကျောင်းပေါင်း ၂၄၀ ကျော်ရှိပြီး လက်ရှိမှာ စစ်ကောင်စီက လားရှိုးမြို့ပေါ်ရှိ စာသင်ကျောင်း ၄၀ ကျော်သာ ဖွင့်လှစ်နိုင်တာ ဖြစ်ပါတယ်။

မြို့ပြင်ရှိ ကျေးရွာ ၂၀ မှာတော့ ကိုးကန့်တပ် ဦးဆောင်ပြီး စာသင်ကျောင်းတွေ ဖွင့်လှစ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ MNDAA အကြား အပစ်ရပ်ဖို့ သဘောတူခဲ့ပြီးနောက် ကိုးကန့်တပ်ဟာ လားရှိုးမြို့ကနေ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်က ထွက်ခွာခဲ့ရပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ဝင်ရောက် လည်ပတ်နေပါတယ်။

နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ စာသင်ကျောင်းတွေကို ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းလာအပ်တဲ့ ကျောင်းသားကျောင်းသူဦးရေ ၆ သန်းကျော်(၆,၁၁၉,၂၆၀ ဦး)ရှိကြောင်း စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။