မိုင်းရူပ၊ ဇွန်လ ၄ ရက်၊ နောင်ချို

ယာယီအပစ်ရပ်ကြောင်း ထုတ်ပြန်ထားပေမယ့် ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ စစ်ကောင်စီနဲ့ တအာင်းတပ်မတော်-TNLA အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နောင်ချိုမြို့နယ်ရှိ TNLA တပ်စခန်းတွေကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မနေ့ ဇွန်လ ၃ ရက်ကနေ ဒီနေ့ ဇွန်လ ၄ ရက်မနက်ပိုင်းအထိ တောင်းခမ်းနဲ့ နောင်ချိုကြားရှိ ရှောက်ခြုံကျေးရွာနဲ့ ကံကြီးကျေးရွာမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။

” ဒီနေ့က ကံကြီး၊ ရှောက်ခြုံကျေးရွာမှာ တိုက်ပွဲပြင်းထန်နေတယ်။ ဒီနောက်ပိုင်း လေယာဥ်နဲ့ ဗုံးကြဲတာ သိပ်မတွေ့တော့ဘူး။ TNLA ရှိတဲ့နေရာကို မနေ့ တစ်ရက်တည်းကို လက်နက်ကြီးနဲ့ ဒရုန်းဗုံးအလုံး ၃၀ ကျော်ရှိတယ်။ လာကြဲတာ” လို့ ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကံကြီးကျေးရွာဟာ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နဲ့ ၇ မိုင်ဝန်းကျင်လောက်သာ ကွာဝေးတော့တယ်လို့ သိရပါတယ်။

ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ကံကြီးရွာကို ထိန်းချုပ်နိုင်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပြီး ရွှေဖီမြေက သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

စစ်ကောင်စီတပ်ဟာ ၎င်းတို့ လက်လွှတ်ထားရတဲ့ နောင်ချိုမြို့ကို ပြန်ရဖို့ တောင်းခမ်းနဲ့ အုမ္မတီးရွာဘက်ကနေ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

TNLA ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ငလျင်သင့်တဲ့ဒေသတွေမှာ ကူညီကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ဇွန်လကုန်အထိ အပစ်ရပ်ကြောင်း ထုတ်ပြန်ထားသလို စစ်ကောင်စီတပ်ကလည်း ဇွန်လကုန်အထိ အပစ်ရပ်မယ်လို့ ထုတ်ပြန်ထားပေမယ့် မြေပြင်မှာတော့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်​​နေတာ ​ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။